မြစ်ကြီးနားမြို့၌ ငွေကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ    ၆ 


မြစ်ကြီးနားမြို့တွင် ငွေကျပ်သိန်း ၅၉၀၀   ကျော်တန်ဖိုးရှိ   မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ   သိရသည်။

 


မူးယစ်ဆေးဝါး      တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ  ၄ ရက် ညနေ ၆ နာရီတွင် ကချင် ပြည်နယ် မြစ်ကြီးနားမြို့ မြို့သစ် ကြီး (ဂျန်မိုင်ကောင်း) ရပ်ကွက်၊  အိမ်အမှတ်(၂၄၉)နေ မခေါန်ဆန် ၏    နေအိမ်အား      သတင်းအရ ရှာဖွေရာ       ဒေသကာလတန်ဖိုး ငွေကျပ်သိန်း    ၅၉၀၀      ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃ ဒသမ ၇၅ ကီလို၊   စိတ်ကြွရူးသွပ်ဆေးပြား ၃  ဒသမ  ၃၆  သိန်း  သိမ်းဆည်းရမိ  ခဲ့သဖြင့်    ၎င်းအား     ဥပဒေအရ  အရေးယူထားရှိပြီး    ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို     ဆက် လက် စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။  

 

သတင်းစဉ်