
နေပြည်တော် ဇန်နဝါရီ ၆
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန် လည်နေရာချထားရေးနှင့် ယာယီခိုလှုံ ရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့် ပတ်သက်၍ ရှင်းလင်းခြင်းနှင့် ပူးပေါင်း အကောင်အထည်ဖော်နိုင်ရေးအတွက် ဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြစ်ကြီး နားမြို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်အစိုးရတာဝန်ရှိ သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အစိုးရ၏ချမှတ်ထားသော မူဝါဒများ၊ ဦးတည်ချက်များကို အကောင်အထည် ဖော်ရာတွင် မိမိတို့ဝန်ကြီးဌာနက တာဝန်ယူရသည့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း၊ သဘာဝဘေး နှင့် လူ့ကြောင့်ဖြစ်သော ဘေးအန္တရာယ် ဆိုင်ရာလုပ်ငန်းနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ကချင်ပြည်နယ်ရှိ လူမှု အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ နှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေ အနေများကို အပြန်အလှန်ညှိနှိုင်း ဆွေးနွေးရန်ဖြစ်ကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားပြည်သူများ၏ အကျိုး စီးပွားအတွက် လိုအပ်သောပံ့ပိုးကူညီမှု များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင် ရန်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြား သည်။
ထို့နောက် ကချင်ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်အစိုးရဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ် စာရင်းစစ်ချုပ်တို့က ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်း၊ မူလနေရာများသို့ ပြန်လည် အခြေချနေထိုင်လျက်ရှိသည့် ဒေသခံ ပြည်သူများ၏ လက်ရှိအခြေအနေများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် ပတ် သက်၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပူးပေါင်းရင်ဆိုင် ကျော်လွှားရမည့် စိန်ခေါ်မှုများနှင့် အကြံပြုချက်များကို တင်ပြဆွေးနွေး ခဲ့ကြသည်။
ဆွေးနွေးမှုအပေါ် ပြည်ထောင်စု ဝန်ကြီး၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချ ထားမှု အကောင်အထည်ဖော်ရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် များက ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စတင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စများ၊ လုံခြုံရေးဆိုင်ရာကိစ္စများ၊ မဟာဗျူဟာအပေါ် လုပ်ငန်းစီမံချက် များရေးဆွဲပြီး အကောင်အထည်ဖော် ရာတွင် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများ၊ မူးယစ်ဆေး ဖြတ်ပြီးသူများအတွက် ပြန်လည်ထူထောင်ရေးသင်တန်းများ ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လူမှုအဖွဲ့အစည်းများ က ဆောင်ရွက်လျက်ရှိသည့် မူးယစ် ဆေးဖြတ်ခြင်းနှင့် ပြန်လည်ထူထောင် ရေးစခန်းများကို ဥပဒေ၊ စံလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်ရေး စိစစ်ညှိနှိုင်းရန် လိုအပ်မှုများနှင့်ပတ်သက်၍ ပြန်လည် ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေး နှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်း ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာ ဗျူဟာနှင့်ပတ်သက်၍ ရှင်းလင်းခြင်း နှင့် ပူးပေါင်းအကောင်အထည်ဖော်နိုင် ရေးအတွက် ဆွေးနွေးခြင်းကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက အစိုးရအနေဖြင့် တိုင်းရင်း သားအရေးနှင့် ပြည်တွင်းငြိမ်းချမ်း ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိ ကြောင်း၊ ပြည်သူများအားလုံး အခွင့် အရေးများကို သာတူညီမျှ ခံစားရရှိ စေပြီး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အဆင့်ဆင့်ကြိုးပမ်း လျက်ရှိကြောင်း၊ ဆောင်ရွက်မှုများ သည် ရေရှည်လုပ်ငန်းများဖြစ်ကြောင်း၊ ထို့ကြောင့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ နှင့် မဟာဗျူဟာများ လိုအပ်ချက်များ ကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ မဟာဗျူဟာများရှိမှသာ လုပ်ငန်းစဉ် များရေးဆွဲဖော်ပြပြီး အကောင်အထည် ဖော်နိုင်ရန်အတွက် နိုင်ငံတော်၏ ရန်ပုံငွေခွဲဝေရာ၌ ပါဝင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန် လည်နေရာချထားရေးနှင့် ယာယီခိုလှုံ ရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ မဟာဗျူဟာသည် မိမိတို့နိုင်ငံ၏ တည်ဆဲဥပဒေများ၊ နိုင်ငံတကာစံချိန် စံညွှန်းများနှင့်ကိုက်ညီအောင် နိုင်ငံ တော်အဆင့် အတည်ပြုရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ မိမိတို့၏နေရပ်၊ အိုးအိမ်၊ စည်းစိမ်များကို စွန့်ခွာရသည့် ဘေး ဒုက္ခသည် ကြီးမားပါကြောင်း၊ ပြည် တွင်းနေရပ်စွန့်ခွာသူများအား ပြန်လည် နေရာချထားရာတွင် ဘေးကင်းလုံခြုံမှု ရှိရန်၊ ဂုဏ်သိက္ခာရှိရန်နှင့် အမှီအခို ကင်းစွာ ပြန်လည်ရပ်တည်နိုင်ပြီး ရေရှည်တည်တံ့ရန်အတွက် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ သည့် ပြန်လည်အခြေချနေထိုင်မှုဖြစ် ရန်သည် အရေးကြီးပါကြောင်း၊ မိုင်း ရှင်းလင်းရေးကိစ္စများနှင့်ပတ်သက်၍ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း၊ ယခုမဟာဗျူဟာသည် ယာယီခိုလှုံရာစခန်းများ ဖွင့်လှစ်ထား ရသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များ အားလုံးနှင့်ဆိုင်သည့်အခြေခံအချက် အလက်များ ပါဝင်အောင် ရေးဆွဲထား သော်လည်း လုပ်ငန်းစဉ်များ ရေးဆွဲ ကြရာတွင် မိမိတို့ဒေသ၏လိုအပ်ချက် များနှင့်ကိုက်ညီအောင် ရေးဆွဲကြရန် အရေးကြီးပါကြောင်း၊ ပြည်သူများ အားလုံး သာတူညီမျှခံစားရရှိရေး အတွက် နိုင်ငံ၏ဦးတည်ချက်များ ဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုး သားရင်ကြားစေ့ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးအတွက် လိုက်လျောညီထွေရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးတို့ကို အစိုးရက အစဉ်တစိုက်ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ အခြေခံလိုအပ်ချက်ဖြစ်သည့် ထာဝရငြိမ်းချမ်းရေးကို မဖြစ်မနေ လိုအပ်သော တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက ပူးပေါင်းပါဝင်မှသာအောင်မြင်မည်ဖြစ်ပါကြောင်း ပြော ကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေး နှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်း ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာ ဗျူဟာနှင့်ပတ်သက်၍ ဖြစ်ပေါ်လာပုံ နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တင်ပြသည်။
ထို့နောက် တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ ယာယီ ခိုလှုံရာစခန်းများရှိ ကိုယ်စားလှယ် တိုင်းရင်းသားပြည်သူများက သိရှိလို သည်များကို မေးမြန်းကြရာ ဒုတိယ ဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် ပြည်နယ်အစိုးရတာဝန် ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်