
နေပြည်တော် ဇူလိုင် ၂၂
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း (အမျိုး သား၊ အမျိုးသမီး) ဘော်လီဘော ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်း တွင် တိုင်းစစ်ဌာနချုပ် အားကစား ခန်းမ၌ကျင်းပရာ တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာ စကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ပြိုင်ပွဲဝင်အသင်းများ၏ ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ဘော်လီဘောပြိုင်ပွဲ ကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၀ သင်း နှင့် အမျိုးသမီးအသင်း ၁၀ သင်းတို့ဖြင့် ဇူလိုင် ၂၈ ရက် အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်