မြောက်ဥက္ကလာပမြို့နယ် (ဋ)ရပ်ကွက် သုနန္ဒာလမ်းနှင့် ကရုဏာလမ်းဆုံ၌ လက်လုပ်မိုင်း လာရောက်ပစ်ခတ်ဖောက်ခွဲသူ နှစ်ဦးအား ပြည်သူများက ဝိုင်းဝန်းဖမ်းဆီး

 

နေပြည်တော်  စက်တင်ဘာ  ၈


ရန်ကုန်တိုင်းဒေသကြီး    မြောက်ဥက္ကလာပမြို့နယ်   (ဋ)ရပ်ကွက် သုနန္ဒာလမ်းနှင့် ကရုဏာလမ်းဆုံ၌ စက်တင်ဘာ ၇ ရက်  ညနေပိုင်းတွင်  လက်လုပ်မိုင်းပစ်ခတ်ဖောက်ခွဲသူ   နှစ်ဦးအား အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ     မြောက်ဥက္ကလာပမြို့နယ်    (ဋ)ရပ်ကွက် သုနန္ဒာလမ်းနှင့် ကရုဏာလမ်းဆုံနေရာအား စက်တင်ဘာ ၇ ရက်     ညနေ  ၆  နာရီခွဲခန့်တွင်   အကြမ်းဖက်သူနှစ်ဦး  ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်လုပ်မိုင်းဖြင့် ပစ်ခတ် ဖောက်ခွဲကာ မောင်းနှင်ထွက်ပြေးခဲ့သဖြင့်  အကြမ်းဖက်မှုကို မလိုလားသည့်    ပြည်သူများနှင့်   လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ  တရားခံများဖြစ်သည့် သိန်းဇော်(ခ)ပါကျဲ (ဘ)ဦးမြင့်ဦးနှင့်   ရဲမြင့်အောင်(ဘ)ဦးသက်မျိုးတို့  နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။


အဆိုပါ     လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့်    လူနှင့် အဆောက်အဦများ  ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့်  ဖမ်းဆီး ရမိသူများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး  လုံခြုံရေး တပ်ဖွဲ့ဝင်များက မြို့တွင်းလုံခြုံရေးအား တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်