မောရဝတီအသင်းနှင့် ဒဂုံစတား ယူနိုက်တက်အသင်း ဂိုးမရှိသရေကျ

 

ရန်ကုန်  ဩဂုတ်  ၂၅


၂၀၂၂ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၄) ဒုတိယနေ့အဖြစ် မောရ ဝတီအသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့   သြဂုတ် ၂၅ ရက်က သုဝဏ္ဏလေ့ကျင့် ရေးကွင်း-၁ ၌ ယှဉ်ပြိုင်ကစားရာ ဂိုးမရှိသရေကျခဲ့သည်။

 


မောရဝတီအသင်းသည်  ပြီးခဲ့သည့်ပွဲတွင်  မထင်မှတ်ဘဲ   ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ သဖြင့်  ယခုပွဲတွင်  အမှတ်ရယူနိုင်ရန်  အားထည့်ကစားခဲ့ပြီး   ဒဂုံစတားအသင်းကို သရေကစားနိုင်ခဲ့ခြင်းဖြစ်သည်။ ဒဂုံစတားယူနိုက်တက်အသင်းသည် လေးပွဲမြောက် တွင် ဒုတိယမြောက် သရေပွဲနှင့် ကြုံတွေ့ခဲ့ရပြီး ပထမဆုံး ဂိုးပေါက်ပျောက်ဆုံးခဲ့ရသည်။ နှစ်သင်းစလုံး   ဂိုးသွင်းခွင့်များ  အသုံးမချနိုင်သဖြင့်   သရေရလဒ်ဖြင့်   ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။ ဒဂုံစတားယူနိုက်တက်အသင်းသည် လေးပွဲကစား  ရှစ်မှတ်၊  မောရဝတီ အသင်းသည် သုံးပွဲကစား လေးမှတ် ရရှိထားသည်။

 


ပွဲစဉ် (၄) နောက်ဆုံးနေ့အဖြစ် သြဂုတ် ၂၆ ရက် (ယနေ့) တက္ကသိုလ်အသင်းနှင့် Junior Lions အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။                          

 ရဲရင့်လွင်