မောတောင်မြို့တွင် ဆလုံသာသနာပြု ဂျလန်းကျွန်းဆရာတော်၏ ဓမ္မရိပ်သာကျောင်းဆောင်သစ်ဖွင့်ပွဲ၊ စေတီတော်ထီးတင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ စည်ကားစွာကျင်းပ

မောတောင်မြို့တွင် ဆလုံသာသနာပြု ဂျလန်းကျွန်းဆရာတော်၏ ဓမ္မရိပ်သာကျောင်းဆောင်သစ်ဖွင့်ပွဲ၊ စေတီတော်ထီးတင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ စည်ကားစွာကျင်းပ ======================================================== တနင်္သာရီ ဇန်နဝါရီ ၁ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်(မြန်မာ-ထိုင်း)နယ်စပ် မောတောင်မြို့ အမှတ်(၁)ရပ်ကွက်အတွင်း ဆလုံ သာသနာပြု ဂျလန်းကျွန်းဆရာတော် အရှင်ကုသလဇောတိ (သာသနာ့ဓဇ ဓမ္မာစရိယ သဒ္ဓမ္မဇောတိကဓဇ)၏ ဓမ္မရိပ်သာ ကျောင်းဆောင်သစ်ဖွင့်ပွဲ၊ စေတီတော်ထီးတင်ပွဲနှင့် ဗုဒ္ဓါ ဘိသေကအနေကဇာတင်လှူပွဲ သာသနာအောင်ပွဲ အခမ်း အနားကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညဦးပိုင်းမှစ၍ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပသည်။ ချီးမြှင့်တော်မူ ဒီဇင်ဘာ ၃၁ ရက် ည ၇ နာရီမှစ၍ နိုင်ငံတော် သံဃမဟာနာယက ဗဟိုဝန်ဆောင် မြိတ်မြို့ မောတောင် ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတအရှင်ဝိမလ၊ တနင်္သာရီတိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ မြိတ်မြို့မောတောင်ကျောင်းတိုက်မှ အရှင်နာရဒနှင့် ဂျလန်းကျွန်း ဆရာတော် အရှင်ကုသလဇောတိတို့က နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ချီးမြှင့်ပေးတော်မူကြသည်။ ထို့နောက် နိုင်ငံကျော်အနုပညာရှင်များဖြစ်သော ဟားငါးကောင်အငြိမ့်အဖွဲ့နှင့် ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင် ဟိန်းဝေယံ၊ စိုးပြည့်သဇင်တို့က ပျော်ရွှင်စွာ သီဆိုဖျော်ဖြေ ပေးကြသည်။ ည ၁၂ နာရီ နှစ်သစ်ကူးအချိန်တွင် ဆီမီး ၅၀၀၀ ထွန်းညှိပူဇော်ကြပြီး မီးပုံးပျံများ လွှတ်တင် ခြင်းနှင့် မီးရှူးမီးပန်းပစ်ဖောက်ခြင်းများ စည်ကားစွာ ပြုလုပ်ခဲ့ကြ သည်။ ဆက်လက်ပြီး ယနေ့နံနက် ၅ နာရီတွင် ဒေဝဒေဝ ထိုင်တော်မူ စကျင်ကျောက်ဆင်းတုတော်အား ဘုရား အနေကဇာတင်လှူသည်။ ထို့နောက် နံနက် ၇ နာရီတွင် ဘုန်းကံကြီးမား နိဗ္ဗာန် သွား စံကျောင်းတော်၊ ဘုန်းရှင်ကံရှင်ဓမ္မဗိမာန်တော်နှင့် မုခ်ဦးတို့အား ဂျလန်းကျွန်းဆရာတော် အရှင်ကုသလဇောတိ၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ အလှူရှင်များနှင့် ဗီဒီယို သရုပ်ဆောင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ နံနက် ၉ နာရီ ၉ မိနစ် ၉ စက္ကန့် မင်္ဂလာအချိန်တွင် လောကဂရု သိမ်ပေါ်ရှိ စေတီနှင့် အရံစေတီများတွင် ထီးတော်တင်လှူ ပူဇော်ခြင်း ကောင်းမှုကုသိုလ်များပြုလုပ်ကြသည်။ နှစ်ရက်တိုင်တိုင် လှူဒါန်း ယင်းနောက် အလှူအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ သာဓုသုံးကြိမ်ခေါ်ဆိုကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပူဇော်ကြကြောင်းနှင့် ပင့်လျှောက် ဆရာတော်သံဃာတော် အပါး ၂၀၀ ကျော်တို့ကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ရပ်ဝေးရပ်နီး ဒေသအသီးသီးမှ ဘုရားဖူးလာရောက်သူများကိုလည်း ထမင်း-ဟင်း၊ မုန့်၊ အချိုရည်နှင့် သစ်သီးစုံ စသည့် စားသောက်ဖွယ်ရာများဖြင့် နိဗ္ဗာန်ဈေးအလှူရှင်များက နှစ်ရက်တိုင်တိုင် နိဗ္ဗာန်ဈေး လှူဒါန်းကြကြောင်း သိရသည်။ နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)