မေးရိုးခွဲစိတ်၍ သွားညှိကုသသည့်ပညာသင်တန်း ပြီးမြောက်အောင်မြင်သည့်အခမ်းအနား ကျင်းပ

ရန်ကုန်     မတ်      ၈
 
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်နှင့် မလေးရှား နိုင်ငံ Academy of Medicine တို့အကြား နှစ်နိုင်ငံပညာရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ မတ်လအတွင်း  ပြုလုပ်ခဲ့သည့်  ‘‘မေးရိုးခွဲစိတ်၍ သွားညှိ ကုသသည့်ပညာ(Orthognathic Surgery)’’   စာတွေ့၊ လက်တွေ့ သင်တန်းရှစ်ခု ပြီးမြောက်အောင်မြင်သည့် အခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်  သဟဇာတခန်းမ၌ကျင်းပရာ  အောင်မြင်ပြီးမြောက်ခဲ့သည့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ရန်ကုန်နှင့် မန္တလေးတို့မှ ဆရာ ဆရာမ ၂၄ ဦးတို့အား တာဝန်ရှိသူများက အသိအမှတ် ပြုလက်မှတ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
 
  သတင်းစဉ်