မေတ္တာဓာတ်လွှမ်းပတ်ရမည့်ချိန်ခါ

 

ယခုကဲ့သို့သော ခရစ္စမတ်အခါသမယသည် ကမ္ဘာ့နိုင်ငံများစွာတို့ တွင် အေးချမ်းသာယာမှုနှင့်အတူ ပျော်ရွှင်မှုများ၊ လူသားအချင်း ချင်း အပြန်အလှန်မေတ္တာတရားပြသမှုများဖြင့် မကြာမီကျရောက် လာမည့် နှစ်သစ်ကူးကာလအထိ စိတ်နှလုံးချမ်းမြေ့ကြည်နူးဖွယ် တို့ကို ဖြတ်သန်းကြချိန်ဖြစ်သည်။ စစ်ပူနေသည့်နိုင်ငံများ၊ မငြိမ်း ချမ်းသည့်အရပ်ဒေသများတွင်မူ ယင်းသို့သော ချမ်းမြေ့ကြည်နူး ဖွယ်ရာများနှင့်  ဆန့်ကျင်စွာ   တုန်လှုပ်ချောက်ချားမှု၊    စိုးရိမ် ထိတ်လန့်မှုနှင့် အကြောက်တရားတို့ကသာ  လွှမ်းမိုးနေမည် ဖြစ်သည်။


ကမ္ဘာ့လူသားတို့ကိုးကွယ်ရာ ဘာသာတရားတို့တွင် မေတ္တာ ကို အလေးအနက်ပြဋ္ဌာန်းထားသည့်တိုင် လူတို့၏သန္တာန်တွင် လောဘ၊ ဒေါသ၊ မောဟတို့က တားမရဆီးမရ ပေါ်ထွက်လာလေ့ ရှိသည်။ ယင်းတို့သည် အဆိုးတရားများဖြစ်သည့်အလျောက် လူ တစ်ဦးတစ်ယောက်ကိုသာမက လူ့အဖွဲ့အစည်း၊ လူ့လောကကို ပါ လောင်ကျွမ်းစေနိုင်သည်။ အဖျက်တရားများဖြစ်ခြင်းကြောင့် လည်း လူ့ရပ်လူ့ရွာတို့ကို ပျက်စီးစေပြီး အနိဋ္ဌာရုံများစွာတို့ကို ပေါ်ပေါက်လာစေသည်။ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့ဒေသအချို့ တွင်ဖြစ်ပွားနေသည့် စစ်ပွဲများ၊ တိုက်ခိုက်မှုများ၊ ပဋိပက္ခများ၏ အကြောင်းရင်းခံသည် မည်သို့သောနိုင်ငံရေးအကြောင်းပြချက် များဖော်ပြစေကာမူ အရင်းအမြစ်အားဖြင့် ကိလေသာအဆိုးတရား တို့   ဖုံးလွှမ်းမှုကြောင့်၊   မေတ္တာဓာတ်လျော့ပါးပျောက်ကွယ်မှု ကြောင့်သာ ဖြစ်သည်။


လက်ရှိ မိမိတို့နိုင်ငံတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက် ခိုက်မှုများကိုကြည့်လျှင်ပင် မေတ္တာ၊ ကရုဏာတို့ ခေါင်းပါးပျောက် ကွယ်မှုတို့ကို အထင်းသားတွေ့နိုင်သည်။ လမ်းတံတားများ ဖျက် ဆီးခံရခြင်း၊ လူနေမြို့ရွာများတွင် တိုက်ပွဲများဖော်ဆောင်ခြင်း၊ ကျန်းမာရေး၊ ပညာရေးအဆောက်အအုံများကို ဦးတည်တိုက်ခိုက် ခြင်း၊ အပြစ်မဲ့အရပ်သားပြည်သူများကို ပစ်မှတ်ထားခြင်း စသည် တို့ကြောင့် ဒေသခံပြည်သူများ လယ်ယာစီးပွားလုပ်ငန်းကိုင်ငန်း များ ပျက်စီးကြရသည်။ အိုးအိမ်အဆောက်အအုံများ မီးလောင် ဆုံးရှုံးကြရသည်။ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် ကြရသည်။ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးအခက်အခဲ များစွာ ရင်ဆိုင်ကြရသည်။ လက်နက်ကိုင်အဖွဲ့အချို့က တပ်သား သစ်ဆင့်ခေါ်စုဆောင်းမှုများကြောင့် သားယောကျ်ားလေးမွေး ထားသူဒေသခံတို့မှာ  မိမိတို့သားများကို   မြေပြန့်သို့  ပို့ဆောင် ၍ ရှင်သာမဏေဝတ်ပေးထားကြရသည်။ စစ်မှုမထမ်းလိုပါက တစ်ဦးလျှင် ကျပ်သိန်း ၄၀၊ ၅၀၊ ၁၀၀ စသည်ဖြင့် တောင်းခံခြင်း ကြောင့် မရှိ ရှိသည်ကို ပေါင်နှံရောင်းချ၍ ပေးကြရသည်ဟုလည်း ကြားသိရသည်။ 


တစ်ဖက်တွင် အကြမ်းဖက်အားပေး တို့မီးရှို့မီးလုပ်နေကြ သည့် ပြည်ပြေးများနှင့်လက်ဝေခံမီဒီယာများရှိနေပြီး မြန်မာနိုင်ငံ အတွင်းဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများ၊ ပဋိပက္ခများ၊ တိုက်ခိုက် ဖောက်ခွဲသတ်ဖြတ်မှုများက ၎င်းတို့၏အကျိုးစီးပွားအတွက် လိုအပ်ချက်ဖြစ်နေသည်။ ပြည်တွင်း၌အေးချမ်းသာယာသွားမည် ကို မလိုလား၊ တိုက်ခိုက်မှုများရပ်သွားမည်ကိုလည်း ပြည်ပြေးတို့ စိုးရိမ်ကြသည်။ နေရပ်စွန့်ခွာရသူများ၊ ဒုက္ခသည်ဘဝကျရောက် သူများ အရေအတွက်များလေ၊ ၎င်းတို့အတွက်ပို၍စိုပြည်လေပင် ဖြစ်ရာ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုသည့်လူမျိုးများ ပင်ဖြစ်သည်။ ၎င်းတို့က တော်လှန်ရေးဟု ခေါင်းစဉ်တပ်ထားသည့်  အကြမ်းဖက်မှုများကို အလံရှူးမီဒီယာတို့က သတင်းတု၊ သတင်း မှားများဖြင့် အရောင်တင်ပေးကာ  နိုင်ငံကိုအလုံးစုံပျက်စီးစေမည့် လမ်းကြောင်းသို့  မရောက်ရောက်အောင်တွန်းပို့ရန်   ကြံရွယ် ကြိုးပမ်းနေကြသည်။


စင်စစ်နိုင်ငံအတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခ တွင် ပျက်စီးဆုံးရှုံးသွားသမျှ အသက်ခန္ဓာများနှင့်အခြားအရာ ဝတ္ထုဟူသမျှအားလုံးမှာ မိမိတို့နိုင်ငံ၏ အရင်းအမြစ်များပင် ဖြစ် သည်။ ကျည်ဆန်တစ်တောင့်၏တန်ဖိုးသည် အကောင်းဆုံးဆန် တစ်ပြည်ဖိုးထက်ပင် ပိုမိုများပြားနေရာ လူသားအရင်းအမြစ်၊ ငွေကြေးအရင်းအမြစ်၊  ဝတ္ထုပစ္စည်းအရင်းအမြစ်တို့ကို  နိုင်ငံ တည်ဆောက်ရေး၊ နိုင်ငံသူ နိုင်ငံသားတို့ လူမှုဘဝများ မြင့်မား ရေးဘက်တွင်သာ  အသုံးချနိုင်မည်ဆိုပါက   ငြိမ်းချမ်းသာယာ ဝပြောသည့်လူ့ဘောင်ကို မိမိတို့အားလုံး မျက်မှောက်ပြုနိုင်ကြမည် ဖြစ်သည်။  ယင်းသို့ဖြစ်နိုင်ရန်မှာ  မိမိတို့၏   မြန်မာ့လူ့ဘောင် လူ့အဖွဲ့အစည်းအတွင်း လောဘ၊  ဒေါသ၊ မောဟ၊   မာန်မာနနှင့် အာဃာတတို့ငြိမ်း၍ နိုင်ငံသူ နိုင်ငံသားပြည်သူအားလုံးတို့အပေါ်  မေတ္တာတရားလွှမ်းခြုံဖြန့်ကြက်နိုင်ရမည် ဖြစ်သည့်အလျောက် ခရစ္စမတ်ကာလ   အခါသမယမှစကာ   နိုင်ငံတစ်ဝန်းအေးချမ်း သာယာပါစေကြောင်း။     ။