
ရန်ကုန် နိုဝင်ဘာ ၁
MFF Futsal Championship 2022 ပြိုင်ပွဲကို နိုဝင်ဘာ ၁၂ ရက်တွင် စတင်ကျင်းပ မည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အသင်းစုစုပေါင်း ၁၈ သင်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး အုပ်စုလေးခုခွဲ၍ ကျင်းပမည်ဖြစ်သည်။ အုပ်စုမဲခွဲမှုအရ အုပ်စု (က)တွင် Myoma JY အသင်း၊ Futsal Chit Thu အသင်း၊ Dream Team Legends အသင်း၊ ပြည့်စုံအသင်း၊ တော်ဝင်နန်းအသင်း၊ အုပ်စု (ခ)တွင် MIU အသင်း၊ Winner Soccer အသင်း၊ Future of Dagon အသင်း၊ Lin Latt အသင်း၊အုပ်စု (ဂ) တွင် MFF U-18 အသင်း၊ AKS အသင်း၊ TG United အသင်း၊ UPK အသင်း၊ Generations အသင်း၊ အုပ်စု (ဃ)တွင် VUC အသင်း၊ Dream Team အသင်း၊ Mali Kyal Sin အသင်း၊ M2K အသင်းတို့ ပါဝင်နေသည်။
အုပ်စုပွဲစဉ်များကို နိုဝင်ဘာ ၁၂ ရက်မှ ၁၉ ရက်အထိ Imperium Sport Arenaတွင် ကျင်းပသွားမည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများတွင် လာမည့်ဖူဆယ်လိဂ်-၁ ပြိုင်ပွဲနှင့် လိဂ်-၂ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့်အသင်းများဖြစ်ပြီး လိဂ်ပြိုင်ပွဲ အကြို ခြေစမ်းကြမည်ဖြစ်သည်။
ယခုပြိုင်ပွဲတွင် ချန်ပီယံဆုရအသင်းသည် လာမည့်နှစ်တွင်ကျင်းပမည့် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
ရဲရင့်လွင်