မဂွေဇ- ခေါင်လန်ဖူး ၆၅ မိုင် ၄ ဖာလုံ လမ်းဖောက်လုပ်ခြင်းစီမံကိန်း၊ ခေါင်လန်ဖူးမြို့သို့ တစ်ကြောင်းထိုး ကားလမ်း ဖောက်လုပ်ရောက်ရှိ

Type
5

 

နေပြည်တော်   စက်တင်ဘာ   ၅


ခေါင်လန်ဖူးဒေသသည် မြန်မာနိုင်ငံ၏ မြောက်ဖျားပိုင်းတွင်တည်ရှိပြီး  ဆိုးရွားသော ရာသီဥတုနှင့် မြေမျက်နှာပြင်   ခက်ခဲကြမ်းတမ်းကာ    မြင့်မားမတ်စောက်​သော တောင်ပေါ်ဒေသ၊ ​ကျောက်​တောင်/ ကျောက်ကမ်းပါးယံနှင့် မြစ်ချောင်းလျှိုမြောင်များ ပေါများသည့်ဒေသဖြစ်ခြင်း၊ ​ရေခဲတောင်နှင့် ဆီးနှင်းများကြောင့် စိုက်ပျိုးမြေနည်းပါးခြင်း စသည်တို့ကြောင့် ​ ခေါင်လန်ဖူးဒေသရှိ  ဒေသခံပြည်သူများသည် နှစ်စဉ် စားနပ်ရိက္ခာ ရှားပါး၊ ပြတ်တောက်လေ့ရှိသဖြင့် နိုင်ငံ​တော် နှင့် တပ်မတော်က စားနပ်ရိက္ခာနှင့် အ​ခြေခံစား​သောက်ကုန်ပစ္စည်းများကို အခက်အခဲဖြစ်ပေါ်ချိန်တွင် ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ထောက်ပံ့ကူညီပေးနေ ရသော ​ဒေသဖြစ်သည်။
 

ခေါင်လန်ဖူးနှင့် အနီးပတ်ဝန်းကျင်တွင် နေထိုင် ကြသည့်  ဒေသခံပြည်သူများအနေဖြင့်  ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးကိစ္စရပ်များအတွက် ပူတာအိုသို့ မဖြစ်​မနေသွားရောက်ရန် လိုအပ်ပါက  ​ခေါင်လန်ဖူးမှ မဂွေဇအထိ ၆၅ မိုင်အကွာအဝေးအား ခြေကျင်ခရီး၊ ဝန်တင်လား/မြင်းများဖြင့် ရှစ်ညအိပ် ကိုးရက်ခန့်ဖြင့်လည်း​ကောင်း၊  မ​ဂွေဇမှ ပူတာအို အထိ ၆၇ မိုင်အား ဆိုင်ကယ်/ကားများဖြင့် နှစ်ရက် ခန့်   ဆက်လက်သွားရောက်ကြရသဖြင့်     ခရီးလမ်း တစ်လျှောက်တွင် အသက်အန္တရာယ်အထိ အခက် အခဲ​ပေါင်းများစွာတွေ့ကြုံရပြီး    အချိန်နှင့် ကုန်ကျ စရိတ် များပြားခြင်းများကို ခံစားခဲ့ကြရသည်။
သို့ဖြစ်၍   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့်  နယ်စပ် ရေးရာဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်မှ  စတင်ပြီး မဂွေဇ- ခေါင်လန်ဖူးလမ်းစီမံကိန်းအတွက်   မြေပြင် အနေအထား၊ သဘာဝရာသီဥတုအ​ခြေအ​နေတို့ အပါအဝင် အခြေခံအချက်အလက်များကို  ​ကွင်းဆင်း လေ့လာသုံးသပ်ကာ နိုင်ငံ​တော်အစိုးရသို့တင်ပြ၍ လုပ်ငန်းခွင့်ပြုချက်နှင့်       ရန်ပုံငွေလျာထားရေး ဆိုင်ရာကိစ္စရပ်များကို စီမံ​ဆောင်ရွက်ခဲ့သည်။
မဂွေဇ- ခေါင်လန်ဖူး ကားလမ်း​ဖောက်လုပ်​နိုင်​ရေးအတွက် ၂၀၁၆ ခုနှစ် ဇွန်လတွင် ခွင့်ပြုချက်ရရှိ ပြီးနောက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ    အင်ဂျင် နီယာများ၊  တပ်မ​တော်အင်ဂျင်နီယာတပ်ရင်းမှ အရာရှိ/စစ်သည်များ၊          ဌာနေပြည်သူ့စစ်များ ပူးပေါင်း၍ Feasibility survey ​ဆောင်ရွက်ခြင်း၊ စီမံကိန်း​ရေးဆွဲခြင်း၊ လုပ်ငန်းများကို အသေးစိတ် ​ပေါင်းစပ်ညှိနှိုင်းခြင်းများ     ဆောင်ရွက်ခဲ့ကြပြီး    မဂွေဇ-​ ခေါင်လန်ဖူး  ၆၅  မိုင်  ၄ ဖာလုံလမ်းကို  အပိုင်းလေးပိုင်းခွဲ၍ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်ခဲ့သည်။
မဂွေဇမှ ငါ့လုံဒမ်းအထိ ၂၅ မိုင် ၄ ဖာလုံကို အပိုင်း (၁)အဖြစ် အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ရာ ကျောက်လမ်း ၂၅ မိုင် ၄ ဖာလုံ၊ တံတားကြီး/ငယ် အစင်း၂၀၊  Box Culvert ၇၅ စင်း၊ ကျောက်စီ​ရေမြောင်း ပေ  ၅၅၀၀  နှင့်    အခြားလိုအပ်သည့် မြေထိန်းနံရံများ၊ ရေ​ကျော်များကို    ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ငါ့လုံဒမ်းမှ   လုံးတုံဗိုလ်တဲအထိ   ၁၀  မိုင်ကို အပိုင်း (၂)အဖြစ်      ဆက်လက်အ​ကောင်အထည်ဖော်​ ဆောင်ရွက်ခဲ့ပြီး အဆိုပါလမ်းပိုင်းတွင်  မဂွေဇ-ခေါင်လန်ဖူးလမ်း၏  အခက်ခဲဆုံးအပိုင်းဖြစ်​သော ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၇၇၀၀   ​ကျော် ရှိသည့် ဆန်းလွတ်ချက်တောင်ကြားလမ်း ကျောက်​တောင်အပိုင်း ပါဝင်သဖြင့် နယ်စပ်ရေးရာဝန်ကြီး ဌာနမှ အင်ဂျင်နီယာများ၊ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းမှ  မိုင်းဖောက်ခွဲရေးကျွမ်းကျင်စစ်သည် များသည် ဒေသခံပြည်သူတို့၏ ပူးပေါင်းကူညီမှုကို ရယူ၍    ကြမ်းတမ်းခက်ခဲသည့်    ရာသီဥတုနှင့် မြေ​အနေအထားအကြားမှ  စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်ခဲ့ရာတွင် တစ်ရက်လျှင် ပေ ၂၀ ခန့်သာ ဖောက်လုပ်နိုင်သည့်        နေ့ရက်များစွာကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ကြရကြောင်း         သိရှိရသည်။ အဆိုပါလမ်းပိုင်းတွင် ​ကျောက်လမ်း ၁၀ မိုင်၊ Box Culvert အစင်း ၅၀၊ ကျောက်စီ​ရေမြောင်းပေ ၄၀၀၀ ​တို့ကို    ရာနှုန်းပြည့်အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ပြီးဖြစ်သည်။
လမ်းစီမံကိန်းအပိုင်း(၂)ဖြစ်သည့် ဆန်းလွတ် ချက် ကျောက်တောင်ကို ခက်ခက်ခဲခဲ   ဖြတ်သန်း ​ဖောက်လုပ်​နေစဉ်ကာလအတွင်း    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင် ကိုယ်တိုင် လုပ်ငန်းခွင်သို့ရောက်ရှိ စစ်ဆေးလမ်းညွှန် ချက်အရ လမ်း​ဖောက်လုပ်ခြင်းလုပ်ငန်း  ဆောလျင် စွာ  ပြီးစီးနိုင်​ရေးအတွက် တပ်မတော်ရဟတ်ယာဉ် များဖြင့် အပေါ့စားယန္တရားများကို ခေါင်လန်ဖူးသို့ ပို့ဆောင်၍ ​  ခေါင်လန်ဖူးမှ       မ​ဂွေဇဘက်သို့ တစ်ကြောင်းထိုးလမ်း​ဖောက်လုပ်ခြင်းကို အောင်မြင် စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်    လမ်းစီမံကိန်း အချိန်ကာလကို များစွာလျှော့ချနိုင်ခဲ့ပါသည်။ 
လုံးတုံဗိုလ်တဲမှ ဆီဆုံအထိ ၁၀ မိုင် ၄ ဖာလုံကို အပိုင်း(၃)အဖြစ် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ရာတွင် သဘာဝအတားအဆီးဖြစ်သည့်    ရေစီး ကြမ်းတမ်းသော မေခမြစ်ကို လမ်းဖောက်လုပ်​ရေး စီမံကိန်းတွင်  အသုံးပြုသည့်     ယာဉ်/ ယန္တရားများ၊ ​  ကျောက်ဖောက်စက်များ၊     စက်ဆီ/​ချောဆီများ၊ ယမ်းနှင့်  ဆက်စပ်ပစ္စည်းများ၊  ဖြတ်ကျော်နိုင်ရန်  ကူးတို့ဖောင်များ    သီးသန့်ပြုလုပ်​ဆောင်ရွက်ပြီး ခက်ခက်ခဲခဲ ဖြတ်သန်းပို့ဆောင်ပေးခဲ့ကြရ​ကြောင်း   သိရှိရသည်။ အဆိုပါလမ်းပိုင်းတွင် မြေလမ်း ၁၀မိုင် ၄ ဖာလုံအနက် ​ကျောက်လမ်း ၈ မိုင် ၄ ဖာလုံ ခင်းပြီး ဖြစ်၍ တံတားကြီး/ငယ် စုစုပေါင်း ခုနစ်စင်း၊ Box Culvert အစင်း ၄၀၊ ကျောက်စီ​ရေမြောင်း ၉၄၉၅​ ပေတို့ကို      ရာနှုန်းပြည့်   အကောင်အထည်ဖော် ​ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ဆီဆုံမှ ခေါင်လန်ဖူးအထိ ၁၉ မိုင် ၄ ဖာလုံကို နောက်ဆုံးပိုင်း အပိုင်း(၄)အဖြစ် ဆောင်ရွက်လျက် ရှိရာ ၃၄ ပေအကျယ် ​မြေလမ်း ၁၂ မိုင်၊     ၁၃  ပေ အကျယ် တစ်​ကြောင်းထိုးမြေလမ်း ၇ မိုင် ၄ ဖာလုံ၊ တံတားကြီးနှစ်စင်းတို့ကို   အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်၍ မဂွေဇမှ ခေါင်လန်ဖူးအထိ ၆၅ မိုင် ၄ ဖာလုံ ရှည်လျားပြီး ​ဒေသခံပြည်သူများက အိပ်မက်လမ်းဟု တင်စားခေါ်ဆိုခဲ့ကြသည့်   လမ်း သည်  စတင်​ဖောက်လုပ်ချိန်မှ လေးနှစ်နှင့် ရှစ်လ အကြာ ၂၀၂၁ ခုနှစ်  စက်တင်ဘာ   ၃  ရက်​နေ့တွင် ရည်မှန်းချက်ဖြစ်​သော         ခေါင်လန်ဖူးမြို့သို့    အောင်မြင်စွာ ပေါက်ရောက်ခဲ့ခြင်းဖြစ်သည်။
ဆက်လက်ဆောင်ရွက်ရန်       လိုအပ်သည့် တစ်​ကြောင်းထိုး မြေသားလမ်း ၇ မိုင် ၄ ဖာလုံကို လမ်းတာချဲ့ခြင်း၊ တံတားများ၊ Box Culvert များ၊ မြေထိန်းနံရံများ၊     ကျောက်စီရေမြောင်းများကို လာမည့် ပွင့်လင်းရာသီတွင်လည်းကောင်း၊   လမ်း အဆင့်မြှင့်တင်ခြင်းနှင့် ခေါင်လန်ဖူးမြို့    ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များကို နှစ်အလိုက် ရန်ပုံ ငွေ လျာထား၍လည်းကောင်း ဆက်လက်အကောင် အထည်ဖော်   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သတင်းရရှိသည်။ 


သတင်းစဉ်