မြိတ်မြို့နှင့် မိုင်းယောင်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ    ၂၉ 
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၈ ရက် နံနက် ၁၁ နာရီ ခွဲတွင် မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု မြိတ်တောင် ကျေးရွာ တပ်ဦးကျောင်းလမ်းတွင် သန်းထိုက် မောင်းနှင်ပြီး မြတ်ကိုစံ လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေ ရာ    စိတ်ကြွရူးသွပ်ဆေးပြား  ၁၀၀၀၀   သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီခွဲတွင် မြိတ်မြို့ ကန်ကြီးရပ်ကွက်ရှိ ညီညီဝင်း(ခ)ညီညီ ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၄၀၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက်  ၇ နာရီခွဲတွင်     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ      တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့သည် မိုင်းယောင်းမြို့ အမှတ်(၈)ရပ်ကွက်ရှိ မအီဟောင်နွန်း၏ နေအိမ် သို့ဝင်ရောက်ရှာဖွေရာ   စိတ်ကြွရူးသွပ်ဆေးပြား  ၂၀၅၀ ကို လည်းကောင်း   သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲစေသော   ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 
ရဲပြန်ကြား