
နေပြည်တော် ဇန်နဝါရီ ၁၉
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇန်နဝါရီ ၁၇ ရက် ည ၁၀ နာရီတွင် မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာ အုပ်စု အင်းလေးမြိုင် (၅) ရပ် ရွှေပြည်တန်လမ်းမကြီးတွင် နေမျိုးအောင် မောင်းနှင်ပြီး ထက်ဇော်ထွန်း လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ကိုလည်းကောင်း။
အလားတူ ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၈ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် မြိတ်မြို့ ကန်ကြီးရပ်ကွက်တွင် လွင်မျိုး မောင်းနှင်ပြီး ရဲထွဋ်အောင် လိုက်ပါ လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၄ နာရီ မိနစ် ၅၀ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဟိုပုံးမြို့နယ် ဖက်ရမ်းကျေးရွာအုပ်စု လွယ်ဝိုးတုတ်ကျေးရွာအနီး ဟိုပုံး-လွိုင်လင်သွားကားလမ်းတွင် လင်းဝေဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
ရဲပြန်ကြား