မိုးကုတ်မြို့နယ်၌ ငွေကျပ်သိန်း ၅၈၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်   ဇန်နဝါရီ   ၂၄


မိုးကုတ်မြို့နယ်၌  ငွေကျပ်သိန်း ၅၈၀၀ ကျော်တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဆေးပြား ၃ ဒသမ ၉ သိန်း 


ဖြစ်စဉ်မှာ   မူးယစ်ဆေးဝါး  တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်   ဇန်နဝါရီ ၂၂ ရက်  ညနေ ၄ နာရီခွဲတွင် မိုးကုတ်မြို့နယ် မိုးကုတ်-မိုင်းလုံ သွားကားလမ်း   လယ်ကြီးပူးပေါင်းစစ်ဆေးရေး စခန်း၌     မိုင်းလုံမှ    မိုးကုတ်ဘက်သို့ စိုင်းကျော်ဌေး  မောင်းနှင်ပြီး  နန်းခမ်းဆွေနှင့် သိန်းဝင်းအောင်တို့လိုက်ပါလာသည့်ယာဉ်အား  သတင်းအရ  ရှာဖွေရာ   ယာဉ်ပေါ်မှ   ဒေသ ကာလတန်ဖိုး    ငွေကျပ်  သိန်း ၅၈၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ပြီး   စစ်ဆေးဖော်ထုတ် ချက်အရ  သိမ်းဆည်းရမိ    စိတ်ကြွရူးသွပ် ဆေးပြားများအား    ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်းသိရှိရသဖြင့်   ၎င်းတို့သုံးဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား    ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း  သိရသည်။


သတင်းစဉ်
n