
နေပြည်တော် ဒီဇင်ဘာ ၇
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီတွင် မိုးမောက်မြို့နယ် မံပုံ ကျေးရွာအုပ်စု (၇)မိုင်အောင်မြေကျေးရွာ အနီးတွင် မတုံးရန်ဖန်း (ခ) ရန်ဖန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကို လည်းကောင်း။
ယင်းနေ့ မွန်းတည့် ၁၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ် မွန်ဆရီးကျေးရွာ အိမ်အမှတ်(၄၈)ရှိ စောစိုးပိုင်ဦး(ခ)အကျ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆၀၀၀၊ ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည် ၅၃ တောင့်နှင့် လက်လုပ်မိုင်း ၁၂ လုံးတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း၊ ညနေ ၅ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် ဘားအံမြို့ အမှတ်(၇)ရပ်ကွက် စောစံစီးဖိုးလမ်းတွင် စောခင်မောင်ဝင်း (ခ) ကာလု မောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ သိမ်းဆည်းရမိခဲ့ပြီး ညနေ ၆ နာရီခွဲတွင် ၎င်းနေထိုင်သည့် ဘားအံမြို့နယ် ရသဝေါ (ကွက်သစ်)ကျေးရွာ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၆၀၀ ကို လည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်