
နေပြည်တော် အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့နယ်၌ အောက်တိုဘာ ၂၀ ရက်က တရားမဝင် ရွှေသတ္တုတူးဖော်နေသူ အမျိုးသား ငါးဦးအား မြန်မာ့သတ္တုတွင်းဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက် ညနေ ၅ နာရီက လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင် ရွှေသတ္တုတူးဖော်လုပ်ကိုင်နေကြောင်း သတင်းအရ မိုးမိတ်မြို့နယ် ကျောက်မော ကျေးရွာအနီး မိုးမိတ်-တွင်းငယ်သွား ကားလမ်းတောင်ဘက်ခြမ်းရှိ ချောင်းရိုးတစ်လျှောက်တွင် သွားရောက်ရှာဖွေရာ တရားမဝင် ရွှေ သတ္တုတူးဖော်လုပ်ကိုင်နေသူ ကျောက်မောကျေးရွာနေ သိန်းဝင်းပါ ငါးဦးအား ရွှေသတ္တုတူးဖော်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ နှင့်အတူ တွေ့ရှိရသဖြင့် ၎င်းတို့အား မြန်မာ့သတ္တုတွင်းဥပဒေဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။ ရဲပြန်ကြား