
နေပြည်တော် ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး မြိုင်မြို့ နယ်၌ PDF အကြမ်းဖက်လက်နက် ကိုင်အဖွဲ့ဝင် အမျိုးသား နှစ်ဦးက အရပ်သားပြည်သူ တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက် ၍ ငွေကျပ်သိန်း ၇၀၀ လုယက် ယူဆောင်သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁ နာရီ တွင် မကွေးတိုင်းဒေသကြီး မြိုင် မြို့နယ် ဆူးဝင်းကျေးရွာနေ ဦးမျိုးထွန်း (၃၉)နှစ် (ဘ)ဦးကျော် သိန်းကို PDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ဝင် အမျိုးသား နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ် ခြိမ်းခြောက်၍ ငွေကျပ်သိန်း ၇၀၀ လုယက်ယူဆောင်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးရာ ဦးမျိုးထွန်း(၃၉)နှစ် (ဘ)ဦးကျော် သိန်းသည် ၎င်း၏ နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် အစိမ်း ရောင် ပြောက်ကျားဦးထုပ်ဝိုင်း၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ တောစီး ပြောက်ကျားဖိနပ်များ ဝတ်ဆင်ထားကာ မျက်နှာဖုံး တပ်ဆင်ထားသည့် PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ အမျိုးသား နှစ်ဦးက ခြံစည်းရိုး အုတ်တံတိုင်းနှင့် သွပ်ဆူးကြိုးများ ကို ဖျက်ဆီး၍ ခြံဝင်းအတွင်း ဝင်ရောက်လာပြီး နေအိမ်ရှေ့တံခါး ကို ဆွဲဖွင့်နေသဖြင့် ဦးမျိုးထွန်းက တံခါးဖွင့် မေးမြန်းစဉ် ၎င်းတို့ နှစ်ဦးအနက် အမျိုးသား တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးမျိုး ထွန်းတွင် ယာဘက်မေးရိုးရှပ်ထိ ဒဏ်ရာတစ်ချက် ရရှိခဲ့သည်။
ဆက်လက်၍ အဆိုပါ အကြမ်း ဖက်လက်နက်ကိုင် အဖွဲ့ဝင် အမျိုးသား နှစ်ဦးက ဦးမျိုးထွန်းကို ခြိမ်းခြောက်ကာ နေအိမ်ရှိ မီးခံ သေတ္တာသော့ဖွင့်ခိုင်း၍ အတွင်းရှိ ငွေကျပ်သိန်း ၇၀၀ အား လုယက် ယူဆောင် ထွက်ပြေးသွားခဲ့ပြီး အခင်းဖြစ်နေရာ၌ ၎င်းတို့ ပစ်ခတ် ခဲ့သည့် LC 87 စာတန်းပါ ကျည်ခွံ တစ်ခုနှင့် ကျည်တောင့် တစ်တောင့် တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အထက်ပါဖြစ်စဉ်မှ သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ငွေကျပ် သိန်း ၇၀၀ လုယက်ယူဆောင် ကာ ထွက်ပြေးသွားခဲ့သည့် PDF အကြမ်းဖက်လက်နက်ကိုင် အဖွဲ့ဝင် အမျိုးသား နှစ်ဦးကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်