
နေပြည်တော် မေ ၁၁
မကွေးတိုင်းဒေသကြီး မြိုင်မြို့ နယ်၌ PDF အမည်ခံ အကြမ်းဖက် သမားများက မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ လက်လုပ်ရှော့တိုက်ဒုံး များဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်းတစ်ဦးနှင့် ကလေး ငယ်တစ်ဦး သေဆုံးကာ နှစ်လ သားအရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး နေအိမ်တစ်လုံးနှင့် စာသင်ကျောင်း တို့ ပျက်စီးဆုံးရှုံးခဲ့သည်။
ဖြစ်စဉ်မှာ မေ ၁၀ ရက် ည ၉ နာရီတွင် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် များအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်များက ကံကြီး ကျေးရွာဘက်မှနေ၍ လက်လုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မြိုင်မြို့ပေါ်ရှိ အမှတ်(၃) ရပ်ကွက်နေ ဦးညိုသင်း (၅၆)နှစ် (ဘ)ဦးမောင်ကြည်၏ နေအိမ်နှင့် အမှတ် (၁)ရပ်ကွက် ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများပေါ်သို့ လက်လုပ်ရှော့တိုက် ဒုံးသီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဦးညိုသင်း၏ နေအိမ်အတွင်းရှိနေသည့် ၎င်း၏ ညီမဖြစ်သူ မကျီးကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာမ ဒေါ်အိမာမြင့် (၃၀)နှစ်နှင့် သားဖြစ်သူ မောင်ကျော်စံလင်း ခုနစ်နှစ်တို့ တွင် ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ ကာ သားငယ်ဖြစ်သူ မောင်ဇော် ဝေယံဦး နှစ်လ (ဘ)ဦးရဲကိုတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး အမှတ်(၂) အခြေခံပညာအထက် တန်း ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင် ပြတင်းပေါက်မှန် ၅၂ ချပ်နှင့် မျက်နှာကြက် ၄၅ ချပ် တို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဒဏ်ရာ ရရှိသူ ကလေးငယ်တစ်ဦးအား ဆေးကုသနိုင်ရေး မြိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိ ကြောင်းနှင့် အပြစ်မဲ့ အရပ်သား ပြည်သူများနေထိုင်ရာ ရပ်ကွက် အတွင်းသို့ လက်လုပ်ရှော့တိုက်ဒုံး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် သမားများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်