
နေပြည်တော် အောက်တိုဘာ ၂၁
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၀ ရက် နံနက် ၁၀ နာရီခွဲတွင် မိုးညှင်းမြို့နယ် နန်းမားမြို့ နန်းခမ်းကျေးရွာနေ မနွဲ့ ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေ ရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀ ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၃ နာရီတွင် အရာတော် မြို့နယ် ဝါးတန်းကျေးရွာအုပ်စု ဝါးတန်းကျေးရွာအနီးတွင် မသိင်္ဂီ (ခ)သိင်္စီ မောင်းနှင်ပြီး မဖြူဝင်း လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၀၅ ပြားကိုလည်းကောင်း။
အလားတူ အောက်တိုဘာ ၂၀ ရက် နံနက် ၁၀ နာရီတွင် ရမည်းသင်းမြို့ သီလဝ(၂) ရပ်ကွက် စွယ်တော်လမ်းသွယ်တွင် သန်းမင်း ထိုက် မောင်းနှင်ပြီး မစန်းစန်းဦး လိုက်ပါလာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀၀ ကို သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား