မိုးညှင်း၊မဘိမ်းနှင့် ကလောမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ဇွန်  ၂၇  


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော     ပူးပေါင်းအဖွဲ့သည် ဇွန် ၂၅ ရက်   မွန်းလွဲ ၃ နာရီတွင်  မိုးညှင်းမြို့နယ်    ပင်လုံကျေးရွာအုပ်စု  နန့်စီးအောင်ကျေးရွာ နန့်စီးအောင်  ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် TOYOTA HIACE   အမျိုးအစား    ခရီးသည်တင် မော်တော်ယာဉ်ကို  ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ခရီးသည်     မင်းဇော်ဦး (ခ)ပန့်ကြီးထံမှ    စိတ်ကြွရူးသွပ်ဆေးပြား  ၃၆၂၀ နှင့်   စိတ်ကြွရူးသွပ် ဆေးပြားအကြေ    ၀ ဒသမ  ၀၂၄   ကီလိုတို့ကို လည်းကောင်း၊   ထိုနေ့   နံနက် ၁၁ နာရီခွဲတွင်  လုံခြုံရေးတပ်ဖွဲ့ဝင်များ    ပါဝင်သောပူးပေါင်း အဖွဲ့သည် မဘိမ်းမြို့နယ်    တုံကွာကျေးရွာအုပ်စု    တုံကွာကျေးရွာအနီးတွင်မသင်္ကာဖွယ်တွေ့ရှိသူဘသောင်းကို   စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၃၆ ကီလိုကို လည်းကောင်း။


ထို့အတူ ဇွန် ၂၅ ရက် မွန်းလွဲ ၃  နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော    ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ် ဝက်ဖြူရေ ကျေးရွာအုပ်စု      နန့်ပန်တက် ကျေးရွာ     စစ်ဆေးရေးဂိတ်အနီး တွင် Super Custom    အမျိုးအစား AMBULANCE  မော်တော်ယာဉ် သည်  စစ်ဆေးရေးဂိတ်သို့မရောက်မီ     ရပ်တန့်ပြီး     ယာဉ်မောင်းမှာ         လမ်းဘေးတောအတွင်းသို့     ထွက်ပြေးသွားသဖြင့်    ယာဉ်ကို           စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၅ ဒသမ ၂၄၈ ကီလို သိမ်းဆည်းရမိခဲ့သဖြင့်    ၎င်းတို့အား     မူးယစ်ဆေးဝါးနှင့်စိတ်ကို    ပြောင်းလဲစေသော   ဆေးဝါးများဆိုင်ရာ   ဥပဒေအရ      အရေးယူထားကြောင်း    သိရ သည်။ 


 ရဲပြန်ကြား