
နေပြည်တော် ဩဂုတ် ၇
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ် တွင် မိုးညှင်းမြို့နယ် ရန်ကုန်-မြစ်ကြီးနားသွားကားလမ်း နန့်စီး အောင် ပူးပေါင်းစစ်ဆေးရေးဂိတ် အနီး၌ ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ခရီး သည် မမေသွယ်ဦး သယ်ဆောင် လာသည့် ကျောပိုးအိတ်အတွင်းမှ ဘိန်းဖြူ သုည ဒသမ ၂၁ ကီလိုကို လည်းကောင်း။
ထိုနေ့ မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့နယ် မန္တလေး - မြစ်ကြီးနားသွားကားလမ်း (၂၁)မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ သူရဟိန်း မောင်းနှင်ပြီး အောင်နေ လင်းလိုက်ပါလာသည့် ဆိုင်ကယ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလိုကို လည်းကောင်း၊ အလားတူ ည ၈ နာရီ ၁၅ မိနစ်တွင် မြစ်ကြီးနားမြို့ တပ်ကုန်း (ထွယ်ဆန်)ရပ်ကွက် ရွှေလမ်းမ ကြီးတွင် မကေသီလှိုင်(ခ)ကေကြီး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလိုကိုလည်း ကောင်း။
ထို့နောက် ဩဂုတ် ၆ ရက် ညနေ ၄ နာရီခွဲတွင် ပုသိမ်ကြီးမြို့ နယ် အုန်းချောကျေးရွာ-ရွှေစာရံ ကျေးရွာသွား ကားလမ်းဘေးရှိ ပျိုးဥယျာဉ်ဆိုင်ရှေ့၌ ဝင်းဖေ မောင်းနှင်ပြီး မောင်ငယ်လိုက်ပါ လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၄၅၀ ကိုလည်းကောင်း၊ ယင်းနေ့ ည ၈ နာရီခွဲတွင် နောင်ချို မြို့နယ် နောင်ချို-မန္တလေးသွား ကားလမ်း အိုရီယမ်တယ်တိုးဂိတ် အနီး၌ ထွန်းလှ မောင်းနှင်လာ သည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၂၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
သတင်းစဉ်