မိုးညှင်း၊ မြဝတီနှင့် မြိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော် အောက်တိုဘာ ၁၀


မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  အောက်တိုဘာ ၉ ရက် မွန်းလွဲ ၂ နာရီခွဲက မိုးညှင်းမြို့ ဟဲလုံကျေးရွာအုပ်စု သီတာရပ်ကွက်  (ကွက်သစ်) နေ ဇော်မြင့်ဦး၏နေအိမ်ကို စစ်ဆေးရှာဖွေရာ       ၎င်း၏ဇနီးဖြစ်သူ မဇင်မာဖြိုးနှင့်အတူ    ဘိန်းစိမ်း  ၆ ဒသမ ၅ ကီလိုကို သိမ်းဆည်းရမိသည်။


အလားတူ   ယင်းနေ့   မွန်းလွဲ ၃    နာရီ  ၁၅   မိနစ်တွင်   ကရင် ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော    ပူးပေါင်းအဖွဲ့သည် မြဝတီမြို့ အမှတ်(၅)  ရပ်ကွက် မြတ်လင်းအေးမြိုင်   လမ်းတွင် စောထူး (ခ) စန်းထွေး မောင်းနှင် ပြီး   ပိုင်ပိုင်   လိုက်ပါလာသည့် ဆိုင်ကယ်ကို    ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၅၅၀၊    ငွေကျပ်    ၅၃၀၀၀၀ တို့ကိုလည်းကောင်း၊   ထို့အတူ ယင်းနေ့   နံနက်   ၁၀  နာရီတွင် မူးယစ်ဆေးဝါး    တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့ မြိတ်တောင်ရပ်ကွက် ဇေယျာသီရိ (၃)ရပ် ခူဒိုင်လမ်း မမိုးမိုးအေး(ခ)မိုးအေး၏နေအိမ်ကို   စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၆၇   ပြားကို  လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော   ဆေးဝါးများ ဆိုင်ရာဥပဒေအရ  အရေးယူထားကြောင်း သိရသည်။


သတင်းစဉ်