
နေပြည်တော် ဩဂုတ် ၁၄
မိုးညှင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၃ ရက် နံနက် ၁၀ နာရီခွဲ တွင် မိုးညှင်းမြို့နယ် အင်ကြင်း ကုန်းကျေးရွာ လမ်းဆုံတွင် မခင်မာလွင် မောင်းနှင်လာသည့် Air Wave အမျိုးအစားမော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၀၀၀ ကို ဖမ်းဆီးရမိသည်။
အလားတူယင်းနေ့ ညနေ ၃ နာရီတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့ တမူးမြို့မရပ်ကွက်၊ တမူး- နန်းဖာလုံသွား ကားလမ်းတွင် ငမ်ဇလက်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၈၀ ကို လည်းကောင်း၊ ထို့အတူ ဩဂုတ် ၁၃ ရက် ညနေ ၃ နာရီတွင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့ မြို့မတောင်ရပ်ကွက် သားငါးဈေး အနီးတွင် ဦးမောင် မောင်းနှင်လာ သည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၄၀၀၀ ကို လည်းကောင်း၊ မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် နောင်ချိုမြို့ ပါဟက် ရပ်ကွက်အနီးတွင် သူရိန်ထွန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၂၀၀ ကို လည်း ကောင်း၊ ညနေ ၆ နာရီတွင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပန်မြို့နယ် ပန်ကောက်(“ဝ”)ကျေးရွာနေ မအီး ဆာ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၇၆၀၀ နှင့် ဘိန်းဖြူ ၀ ဒသမ ၃၃ ကီလိုကို လည်းကောင်း သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရ သည်။
သတင်းစဉ်