မိုးညှင်းမြို့နယ်၌ ငွေကျပ်သိန်း ၅၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိ

နေပြည်တော်   ဒီဇင်ဘာ   ၂၈


မိုးညှင်းမြို့နယ်၌ ငွေကျပ်သိန်း ၅၂၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့  သည် သတင်းအရ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ  ၁၂ နာရီခွဲတွင်    မိုးညှင်းမြို့နယ်    ရွှေဘို-မြစ်ကြီးနားသွားကားလမ်း     နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင်   မန္တလေးမှ မိုးညှင်းဘက်သို့        မောင်းနှင်လာသည့်  ခရီးသည်တင်ယာဉ်အား  ရှာဖွေရာ  နိုင်ဦး(ခ) မောင်နိုင် (၄၁)နှစ်နှင့် ပြည့်ဖြိုးအောင် (ခ)ကိုဖြိုး(၂၉)နှစ်တို့ နှစ်ဦး သယ်ဆောင်လာ သည့်  တန်ဖိုးငွေကျပ်  သိန်း ၅၂၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ  ၂၀ ဒသမ ၉ ကီလို သိမ်းဆည်း ရမိခဲ့ပြီး        စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ကချင်ပြည်နယ်သို့ သယ်ဆောင် ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ နှစ်ဦးကို ဥပဒေအရ  အရေးယူထားရှိပြီး  ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ 


သတင်းစဉ်