
နေပြည်တော် ဇူလိုင် ၇
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ နှင့် သိုဝှက်သိမ်းဆည်း ထားရှိသူများကို ဆက်လက် ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၆ ရက် ညနေ ၅ နာရီခွဲခန့်တွင် အမရပူရမြို့နယ် ပြည်လုံးကျော်ကျေးရွာ နေ အောင်ဆန်းဦး(၃၂ နှစ်) (ဝဲပုံ) (ဘ)ဦးကျော်ရှိန်းသည် Online ပေါ်၌ လက်လုပ်သေနတ်များ ဖြန့်ချိရောင်းချနေ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ၎င်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အဆိုပါ နေအိမ်အတွင်း၌ အောင်ဆန်းဦးကို PVC ပိုက်ဖြင့် ပြုလုပ် ထားသော လက်လုပ်သေနတ် တစ်လက်၊ သေနတ်ဒင် ပုံစံ ပြုလုပ်ထားသော ကော်ပြား နှစ်ခု၊ PVC ပိုက် ဖြင့် ပြုလုပ် ထားသော လက်လုပ်သေနတ်အပိုင်း သုံးလက်၊ PVC ပိုက် အပိုင်းအစ ငါးခု၊ စတီးပိုက် တစ်ချောင်း၊ ဂက်စ်ဘူး တစ်ဘူး၊ လေးခွ သုံးလက်၊ သံဘောစေ့ ၄၀ နှင့် သန့်စင်ခန်းသုံး အက်စစ်ဘူး နှစ်ဘူးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား သိုဝှက်သိမ်းဆည်း ထားရှိသူများနှင့် လက်ဝယ်ထားရှိ သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်