မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊  ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများ ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ

 

 

နေပြည်တော် ဇူလိုင် ၆


မြို့နယ်အချို့၌    အကြမ်းဖက်မှု လုပ်ရပ်များတွင်    အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊  ကိရိယာများ နှင့်   သိုဝှက်သိမ်းဆည်းထားရှိသူ များအား   ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း   သိရသည်။
ထပ်မံဖမ်းဆီးရမိ
ထိုသို့ဖမ်းဆီးခြင်းများ ဆောင် ရွက်ခဲ့ရာ   ဇူလိုင်လ ၅  ရက် နံနက် ၇ နာရီခွဲတွင်  ပေါင်းတည်မြို့နယ်    မှတ်တိုင်နယ်မြေ    ရဲစခန်း  (ပ) ၁/၂၀၂၁၊  မူးယစ်ဆေးဝါးနှင့်   စိတ် ကို  ပြောင်းလဲစေသော     ဆေးဝါး များဆိုင်ရာ   ဥပဒေပုဒ်မ ၁၉(က)အမှုမှ   တရားခံ ကျော်မင်းဦး  (ခ)  အောကြီးနှင့် ဆက်စပ်တရားခံ ကျော်သူရ(ခ)ဖိုးကျော်တို့ နှစ်ဦး၏ ထွက်ဆိုချက်အရ  ကျော်သူရ (ခ)ဖိုးကျော်နှင့်     သဲကုန်းမြို့နယ်  ပျဉ်ကြီးကျေးရွာနေ  စန်းမောင်(ခ)စန်းကြီး(၅၈နှစ်) (ဘ)ဦးအောင် မောင်းတို့ နှစ်ဦးသည်   ပေါင်းတည် မြို့နယ်   ကျောင်းစုကျေးရွာနေ  ညွန့်လှိုင် (၅၅နှစ်)  (ဘ)ဦးကုလား ဆိုသူမှ  စေခိုင်း၍    နတ်တလင်း မြို့နယ် ညောင်လေးပင်ကျေးရွာနေ   ကိုပေါက်ကင်း    (စိစစ်ဆဲ)ထံမှ တူမီးသေနတ်   ၁၃   လက်ကို ငွေကျပ် ၃ သိန်းဖြင့်  ဝယ်ယူကာ သဲကုန်းမြို့နယ်      ညောင်ပင်စု ကျေးရွာနေ မြင့်စိုး(၄၈နှစ်) (ဘ)ဦးတင်မောင်၏ နေအိမ်တွင် အပ်နှံ ထားကြောင်း    သတင်းအရ လုံခြုံရေး     တပ်ဖွဲ့ဝင်များက သွားရောက်  စစ်ဆေးရှာဖွေခဲ့ရာ အဆိုပါ      နေအိမ်အတွင်းမှ မြင့်စိုးအား  တူမီးသေနတ် ၁၃ လက်နှင့်အတူ  ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်၍ နံနက် ၉ နာရီ မိနစ် ၂၀တွင်       ဆက်စပ်တရားခံ စန်းမောင် (ခ)စန်းကြီး၏ နေအိမ် သို့       သွားရောက်စစ်ဆေးရာ စန်းမောင်(ခ)စန်းကြီးအား  ၎င်း၏ နေအိမ်၌     ထပ်မံဖမ်းဆီးရမိခဲ့ ကြောင်း  သိရသည်။    
အရေးယူဆောင် 
ရွက်သွားမည်
အထက်ပါ    အကြမ်းဖက်ရာ တွင်  အသုံးပြုမည့်   လက်နက်၊ ပစ္စည်း၊ ကိရိယာများအား သိုဝှက် သိမ်းဆည်း   ထားရှိသူများနှင့် လက်ဝယ်    ထားရှိသူများကို ဥပဒေနှင့်အညီ  အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။                     သတင်းစဉ်