
နေပြည်တော် ဇူလိုင် ၂
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့၌ အကြမ်းဖက်သူ များက လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်လုပ်ဗုံး၊ လက်နက်ငယ်တို့ဖြင့် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက် ၈ နာရီတွင် မန္တလေး တိုင်းဒေသကြီး တံတားဦးမြို့ နယ် စကားအင်း-ပုလိပ်ကားလမ်း ရှိ စကားအင်းအဝိုင်း၌ လုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စကားအင်း ဘက်မှ ပုလိပ်မြို့ဘက်သို့ အောင် မြေသာစံမြို့နယ် မြောက်ပြင် ရပ်ကွက်နေ ဇင်မောင်မောင်ကျော် (၂၀နှစ်) (ဘ) ဦးကျော်မောင် မောင်းနှင်သော ဆိုင်ကယ် တစ်စီး နှင့် အမျိုးသားနှစ်ဦး(စိစစ်ဆဲ)မောင်းနှင်လာသော ဆိုင်ကယ် တစ်စီးတို့ကို စစ်ဆေးရန် ရပ်တန့် ခိုင်းရာ ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေးသွားခဲ့သည်။
ထို့ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီး ခဲ့ရာ အမျိုးသားနှစ်ဦး မောင်းနှင် လာသော ဆိုင်ကယ်ပေါ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်ပစ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက်ခဲ့၍ ပေါက်ကွဲမှုဖြစ်ပွား ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ယာဒူးတွင် ဗုံးစထိမှန် ဒဏ်ရာရ ရှိခဲ့ပြီး ဇင်မောင်မောင်ကျော် မောင်းနှင်သော ဆိုင်ကယ်အား တားဆီး ဖမ်းဆီးရရှိခဲ့သဖြင့် စစ်ဆေးခဲ့ရာ ၎င်းမောင်းနှင်လာ သော ဆိုင်ကယ်တူးဘောက် အတွင်းမှ တရုတ်နိုင်ငံလုပ် လက် ပစ်ဗုံးနှစ်လုံး၊ လက်လုပ်ဗုံး တစ် လုံး၊ အရှည် တစ်ပေခန့်ရှိ ဓား မြှောင်တစ်ချောင်းတို့နှင့် အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အရ ဖမ်းဆီးရမိသူ များကို ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်