မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများက စာသင်ကျောင်းများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့အား မီးရှို့ဖျက်ဆီး၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်တိုက်ခိုက်

 

နေပြည်တော်   နိုဝင်ဘာ   ၂၇


ဧရာ၀တီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲ ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းဝင်း အတွင်း၌   နိုဝင်ဘာ ၂၆ ရက်  ည   ၆   နာရီခွဲတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက   သွားရောက်စစ်ဆေးခဲ့ရာ  အဆိုပါ ကျောင်းဝင်းအတွင်းရှိ ဓနိမိုး/ထရံကာမြေစိုက် ၃ ခန်းတွဲ   ကျောင်းဆောင်၏  အစွန်ဆုံး   အခန်းကို အကြမ်းဖက်သမားများက   မီးရှို့ထွက်ပြေးသွားခဲ့ ကြောင်း၊ ထိုသို့ မီးရှို့ခဲ့မှုကြောင့် မီးလောင်ကျွမ်းခဲ့ သဖြင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ကျောင်းဆောင်ရှိ ထရံနှင့် ဓနိမိုး အနည်းငယ်မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 


ထို့အတူ  စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာမြို့နယ် အလယ်ရပ်ကွက်ရှိ အမှတ်(၁) အခြေခံ ပညာအထက် တန်းကျောင်း၌ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက       သွားရောက်စစ်ဆေးခဲ့ရာ     အဆိုပါ ကျောင်းဝင်ပေါက်အရှေ့သို့     ဆိုင်ကယ်စီးနင်းလာ သည့် အကြမ်းဖက်သူ အမျိုးသား တစ်ဦးက လက် လုပ်အသံဗုံး တစ်လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွား ခဲ့သဖြင့်   ကျောင်းဝင်ပေါက်နှင့်  ၄ ပေခန့်အကွာ ကျောင်းဝင်းအတွင်း     ကွန်ကရစ်လမ်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 


အလားတူ   မုံရွာမြို့နယ်   နန္ဒဝန်ရပ်ကွက် အားကစားနှင့် ကာယ သိပ္ပံကျောင်းအနီး၌   ညနေ  ၅ နာရီခွဲခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက  သွားရောက်စစ်ဆေး ခဲ့ရာ အဆိုပါ ကျောင်း၏အနောက်ဘက်  အုတ်တံ တိုင်းအနီး    အပြင်ဘက်တွင်  လက်လုပ်အသံဗုံး  တစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


ထို့အပြင်   စစ်ကိုင်းတိုင်းဒေသကြီး    ကလေး မြို့နယ် တောင်ဇလပ်ရပ်ကွက် နယ်မြေ ၆ ရှိ မြို့နယ် ပညာရေးမှူးရုံးကို      အကြမ်းဖက်သမားများက ယနေ့နံနက် ၇ နာရီ  မိနစ် ၂၀ ခန့်တွင် ရုံးအဆောက် အဦ၏    တောင်ဘက်ပြတင်းပေါက်မှ   ဝင်ရောက်ကာ မီးရှို့ထွက်ပြေးသွားခဲ့၍     မီးလောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ  ပါဝင်သော ပူးပေါင်း အဖွဲ့က မီးသတ် ယာဉ် ငါးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇   နာရီ   ၄၅   မိနစ်တွင်       မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အုတ်ကာ/ကွန်ကရစ်ခင်း/သွပ်မိုး တစ်ထပ် ရုံးအဆောက်အဦ တစ်လုံးနှင့် ရုံးအတွင်းရှိအသုံးအဆောင်ပစ္စည်းများ       မီးလောင်ပျက်စီးခဲ့ ကြောင်း သိရသည်။

 


အလားတူ   ရန်ကုန်တိုင်းဒေသကြီး     ရန်ကင်း မြို့နယ် အမှတ်(၁၄)ရပ်ကွက် မဂ္ဂင်လမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့  လမ်းတစ် ဘက်ခြမ်း၌ နံနက် ၈ နာရီ   ၃၅   မိနစ်ခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း   သတင်းအရ  လုံခြုံရေး တပ်ဖွဲ့များက   သွားရောက်စစ်ဆေးခဲ့ရာ  အဆိုပါ နေရာရှိ    မသင်္ကာဖွယ်အထုပ်  တစ်ထုပ်အတွင်းမှ   ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်   အဆောက်အဦ  ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။ 

 


ထို့အတူ ရန်ကင်းမြို့နယ် အမှတ်(၁၁)ရပ်ကွက် သစ္စာလမ်းနှင့် ရန်ကင်းလမ်းဆုံ    သစ္စာလမ်းပေါ်ရှိ ရန်ကင်းအခြေခံပညာလေ့ကျင့်ရေးကျောင်း အရှေ့၌ နံနက် ၉ နာရီ ၁၀ မိနစ်ခန့် တွင် ပေါက်ကွဲမှုဖြစ်ပွား ကြောင်း သတင်းအရ   လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ    အဆိုပါကျောင်းအရှေ့ လမ်းဘေးပလက်ဖောင်းပေါ်တွင်    လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး  ပေါက်ကွဲမှုကြောင့် လူနှင့်  အဆောက်အဦထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

 


အထက်ပါဖြစ်စဉ်များမှ     စာသင်ကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးတို့အား       မီးရှို့ဖျက်ဆီးမှု လက်လုပ်မိုင်းများဖြင့်    ပစ်ပေါက်တိုက်ခိုက်မှုများ ကျူးလွန်ခဲ့သည့်     ဆူပူအကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက   ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။                  

သတင်းစဉ်