
နေပြည်တော် ဇန်နဝါရီ ၁၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ် ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇန်နဝါရီ ၁၇ ရက် ညနေ ၃ နာရီတွင် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံ(အရှေ့မြောက်)ရပ်ကွက် နန်ကျင်-အင်ဂျန်ဒုံ သွားကားလမ်းတွင် ဘရန်အောင် မောင်းနှင်လာသည့် KLUGER မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၀၀၀၀ ကိုလည်းကောင်း။
ယင်းနေ့ မွန်းတည့် ၁၂ နာရီတွင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ် မမုံကိုင်ကျေးရွာအုပ်စု မိုင်းနောင်ကျေးရွာ မြနန္ဒာရပ်ကွက် အိမ်အမှတ်(၂၆၇)နေ မနွယ်နွယ်ထွန်း၏ နေအိမ်ကို ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၃၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀ ကိုလည်းကောင်း၊ ယင်းနေ့နံနက် ၁၀ နာရီခွဲ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၂၁) မိုးကြိုးကျေးရွာ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ချမ်းငြိမ်းကို မောင်းနှင်လာသည့် Harrier မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဆီခဲ ၅၀ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၁၁ နာရီတွင် ပြင်ဦးလွင် မြို့နယ် လားရှိုး-ပြင်ဦးလွင်လမ်း ရပ်ကွက်ကြီး (၁၁) ရေငယ်လမ်းဆုံအနီးတွင် သူရထွန်းနှင့် သော်သော်ဆက်တို့အား MAZDA 2 မော်တော်ယာဉ် တစ်စီးနှင့်အတူလည်းကောင်း။
ထို့အတူ ယင်းနေ့မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကမာရွတ်မြို့နယ် အမှတ်(၈)ရပ်ကွက် နာနတ်တောလမ်းတွင် ဇာနည်ထွန်း(ခ)စလင်း မောင်းနှင်ပြီး မေသူခိုင် လိုက်ပါလာသည့် Toyota Mark II မော်တော်ယာဉ်နှင့် ဇော်မင်းဦး (ခ)စတား မောင်းနှင်လာသည့် Toyota Townace မော်တော်ယာဉ်နှစ်စီးတို့ကို ရှာဖွေရာ အိုက်စ် သုည ဒသမ ၉၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဇော်မင်းဦး(ခ)စတား နေထိုင်သည့် စမ်းချောင်းမြို့နယ် မြေနီကုန်း (မြောက်)ရပ်ကွက် မြေနီကုန်း ဈေးလမ်း တိုက်အမှတ် (၅၉) (၅)လွှာ(အေ)တိုက်ခန်းအား ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀ နှင့် အိုက်စ် ၅ ဒသမ ၉၅ ကီလို ကိုလည်းကောင်း။
ယင်းနေ့ ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့နယ် ထင်ပါကျိုင်း ကျေးရွာအုပ်စု ကုန်းဆာကျေးရွာနေ ဝမ်စိစော်၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၇၆၀၀၀၊ ဘိန်းညိုခဲ သုည ဒသမ ၇ ကီလိုနှင့် အိုက်စ် သုည ဒသမ ၃၉ ကီလိုကိုလည်းကောင်း။
ယင်းနေ့ မွန်းတည့် ၁၂ နာရီတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်ခမ်းမြို့ အမှတ်(၁) ရပ်ကွက် မန့်ခမ်းရပ် မိုင်တိုင် အမှတ်(၃၀၁/၂)အနီးတွင် မာအောင်(ခ)ထွန်းနိုင်(ခ)မောင်ငယ် မောင်းနှင်လာသည့် PAJERO မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၇၆ ကီလို သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရ သည်။
ရဲပြန်ကြား