မြို့နယ်အချို့ရှိ မြို့နယ်တရားရုံးနှင့် စာသင်ကျောင်းအား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက အကြောင်းမဲ့မီးရှို့ဖျက်ဆီး

နေပြည်တော်   ဒီဇင်ဘာ   ၅


မြို့နယ်အချို့ရှိ   မြို့နယ်တရားရုံးနှင့် စာသင် ကျောင်းအား  အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုများ  ပြုလုပ်ခဲ့ကြောင်း သိရသည်။


မီးရှို့ဖျက်ဆီး


ထိုသို့  အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိရာတွင်    ဒီဇင်ဘာ  ၄ ရက် နံနက် ၁၀ နာရီခွဲခန့်တွင်     ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်    မြို့မ(၁)ရပ်ကွက်ရှိ မြို့နယ်တရားရုံးအား  CDF  အကြမ်းဖက် လက်နက်ကိုင်အဖွဲ့   အင်အား(စိစစ်ဆဲ)က မီးရှို့ဖျက်ဆီးခဲ့ရာ  မွန်းတည့် ၁၂ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ၇၀ x ၃၀ x ၁၅ ပေ သွပ်မိုး/အုတ်ကာ တစ်ထပ်အဆောက် အအုံ တစ်လုံး   မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းအရ       လုံခြုံရေးတပ်ဖွဲ့ဝင်များ  သွားရောက်စစ်ဆေးခဲ့ရာ  အဆိုပါရပ်ကွက် အရောက် CDF အကြမ်းဖက်လက်နက်ကိုင် အဖွဲ့ အင်အား ၂၀ ခန့်က လက်နက်ငယ်များ ဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက      ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရ သည်။


အလားတူ   မွန်းလွဲ ၃ နာရီ မိနစ် ၂၀  တွင် မကွေးတိုင်းဒေသကြီး           ပေါက်မြို့နယ် ထန်းတောဦးကျေးရွာ အခြေခံပညာမူလတန်း ကျောင်းဝင်းအတွင်းရှိ     သွပ်မိုး/ထရံကာ/ဝါးကြမ်းခင်း စာသင်ဆောင်အား PDF အကြမ်း ဖက်လက်နက်ကိုင်အဖွဲ့များက မီးရှို့ဖျက်ဆီး ခဲ့ရာ ညနေ ၅ နာရီခွဲတွင်  မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါကျောင်းဆောင်နှင့် ကျောင်းဆောင်အတွင်းရှိ    ပရိဘောဂများ၊ စာရွက်စာတမ်းများ    မီးလောင်ပျက်စီးခဲ့ ကြောင်း သိရသည်။


အထက်ပါဖြစ်စဉ်များမှ မြို့နယ်တရားရုံး နှင့် စာသင်ကျောင်းတို့အား အကြောင်းမဲ့မီးရှို့ ဖျက်ဆီးခဲ့သည့် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များအား    လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းနှင့် ပူးပေါင်း ၍             လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။


သတင်းစဉ်