
နေပြည်တော် ဇန်နဝါရီ ၃၀
တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၈ ရက် ညနေ ၃ နာရီ ၄၅ မိနစ် တွင် မြိတ်မြို့နယ် တုံးဗျော ကျေးရွာအုပ်စု လသာကျေးရွာ အနီး မြိတ်- တနင်္သာရီ သွား ကားလမ်းတွင် မျိုးအေး မောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ အလားတူ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် ဟိုပုံး မြို့နယ် ဖက်ရမ်းကျေးရွာအုပ်စု လွယ်ဝိုးတုတ် ကျေးရွာအနီး ဟိုပုံး-လွိုင်လင်သွား ကားလမ်း တွင် အောင်ကျော်ထွန်း မောင်းနှင် ပြီး သီဟမင်းဇင် လိုက်ပါလာသည့် HYUNDAI အမျိုးအစား မော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေ ရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၃ နာရီခွဲ တွင် တောင်ကြီးမြို့နယ် နောင်လေ ကျေးရွာအုပ်စု မဲတောင်းကျေးရွာ အနီးရှိ (၄) မိုင် ပူးပေါင်းစစ်ဆေး ရေးဂိတ်တွင် စိုင်းလှထွန်း (ခ)ဖိုးသီးနှင့် မျိုးမင်းသူ တို့ နှစ်ဦး အားလည်းကောင်း၊ ထို့အတူ ဇန်နဝါရီ ၂၉ ရက် နံနက် ၇ နာရီ တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များ ပါဝင်သောပူးပေါင်းအဖွဲ့ သည် ကျိုင်းတုံမြို့နယ် ဟွေကွယ် ကျေးရွာအုပ်စု ဟွေကွယ်ကျေးရွာ အနီးတွင် အမျိုးသားတစ်ဦး (စိစစ်ဆဲ) မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရန်ရပ်တန့် ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွား ပြီး ပြုတ်ကျကျန်ခဲ့သည့် အိတ် အတွင်း၌ အိုက်စ် ၅ ကီလိုကို လည်းကောင်း သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရ သည်။ ရဲပြန်ကြား