
နေပြည်တော် ဖေဖော်ဝါရီ ၁၃
ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၅ နာရီ မိနစ် ၂၀ တွင် ဗန်းမော်မြို့နယ် စီအင်ကျေးရွာအုပ်စု စီအင်ကျေးရွာ အနီးတွင် စိုင်းသန်းဖေ မောင်းနှင် ပြီး စိုင်းအိုက်လှိုင်း လိုက်ပါလာ သည့် PAJERO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ ၃ ဒသမ ၃၇ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၁၁၅၀ ၊ ဘိန်းစိမ်း ၂၁ ကီလိုနှင့် မြန်မာငွေကျပ် နှစ်သိန်း သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ ည ၈ နာရီ မိနစ် ၂၀ တွင် မိုးမောက်မြို့နယ် မံပုန်ကျေးရွာအုပ်စု ၇ မိုင် အောင်မြေ ကျေးရွာရှိ အားချိ(ခ)အားချန်(ခ) ဝမ်ချန်း၏နေအိမ်ကို ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၂ ပြားကို လည်းကောင်း၊ အလားတူ ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ပြင်ဦးလွင်မြို့နယ် ပင်လိန်ကျေးရွာအုပ်စု ပွဲကောက် ကျေးရွာအနီးတွင် နန်းဝင်းကျော် မောင်းနှင်ပြီး နိုင်လင်းထွန်း လိုက်ပါလာသည့် TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ် ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၂၉၈ ကီလို သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ချမ်းမြ သာစည်မြို့နယ် ၁၀၁ လမ်းနှင့် ၆၃ လမ်းထောင့်တွင် ထိန်လင်း အောင် (ခ)ရန်ပီဖူး အား ဆိုင်ကယ် တစ်စီးနှင့် လည်းကောင်း၊ ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် မဟာအောင်မြေ မြို့နယ် ၆၅ လမ်းနှင့် ၄၃ လမ်း ထောင့်တွင် လီရှင်းဖင်(ခ)ထွန်း ထွန်းအား BORGWARD အမျိုး အစား မော်တော်ယာဉ်တစ်စီး နှင့်လည်းကောင်း၊ ထို့အတူ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီ လိတ် မြို့နယ် ဝမ်လုံးကျေးရွာအုပ်စု လွယ်စီတုံကျေးရွာရှိ ဆားဂျူ ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်