မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော် အောက်တိုဘာ  ၂၄ 


မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ       တပ်ဖွဲ့ဝင်များ ပါဝင်သော   ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၃ ရက် ည ၇ နာရီ က   ဘားအံမြို့နယ်  ဘားအံ-အိန္ဒုသွားကားလမ်း       နောင်လုံ ကျေးရွာအနီးတွင်   စိုးသိန်း(ခ)အီစမိုင် မောင်းနှင်ပြီး   စောမောင် (ခ)အိုစမန်    လိုက်ပါလာသည့်  မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး  ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၆၀၀ သိမ်းဆည်းရမိသည်။ 

 


အလားတူ   အောက်တိုဘာ  ၂၂   ရက်  ည ၈ နာရီခွဲတွင်   မူးယစ် ဆေးဝါး   တားဆီးနှိမ်နင်းရေး   ရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့ နောက်လယ်ရပ်ကွက်   (၇)လမ်း တွင် အာကာဇော်(ခ) မတ်ဟီရှာ  မောင်းနှင်၍   အောင်ခန့်ဇော်(ခ)   အူမာန်ဖွာလု  လိုက်ပါလာသည့်     မော်တော်ဆိုင်ကယ်ကို    ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား   ၁၀၀၀၀  ကို     လည်း ကောင်း၊ ကွင်းဆက်အရ    ည ၉ နာရီ ၁၅ မိနစ်တွင်  ပူးပေါင်း အဖွဲ့က    မြိတ်တောင်ရပ်ကွက် ကမ်းသာယာလမ်းနေ အောင်မျိုး သက်(ခ) ချီးကိုထံမှ စိတ်ကြွရူးသွပ် ဆေးပြား   ၃၀၀၀၀  ကို လည်း ကောင်း။

 

ထို့အတူ  အောက်တိုဘာ ၂၃ ရက် ညနေ ၅ နာရီတွင် မူးယစ် ဆေးဝါး   တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် ကမာ ရွတ်မြို့နယ် အမှတ်(၃) ရပ်ကွက် ပတ္တမြားလမ်းတွင် မသင်္ကာဖွယ် တွေ့ရှိသူ ကျော်စိုးအား စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၁ ကီလို   သိမ်းဆည်းရမိခဲ့ပြီး ၎င်းနေထိုင်သည့်     အမှတ်(၃)ရပ်ကွက် ခိုင်ရွှေဝါလမ်းရှိ  တိုက် အမှတ်(၃၇) အခန်းအမှတ်(၃/ဘီ)သို့ ဝင်ရောက်ရှာဖွေရာ ငြိမ်းချမ်း အောင်အား တွေ့ရှိရပြီး ဘိန်းဖြူ သုည ဒသမ ၀၆ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀ နှင့် အိုက်စ် သုည  ဒသမ   ၁၅   ကီလိုတို့ကို လည်းကောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲပိုင်းတွင်   မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး    ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်   ပင်လောင်းမြို့နယ် ထိန်ပင်ကျေးရွာအုပ်စု  လိန်းလီ ကျေးရွာရှိ လိန်းလီကြိုးတံတား အနီးတွင် ထွန်းငွေ မောင်းနှင်လာ သည့်       မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၉၆၀ ကို လည်း ကောင်း၊ ထို့ပြင်  ညနေပိုင်းတွင် ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာ ၌   သန်းဇော်ဦး(ခ)သန်းထိုက် အောင်(ခ)အီဗရာဟင် မောင်းနှင် ၍ မျိုးမင်းသန်း လိုက်ပါလာသည့် မော်တော်ယာဉ်ကို        ရပ်တန့် စစ်ဆေးရှာဖွေရာ        စိတ်ကြွ ရူးသွပ်ဆေးပြား  ၁၀၀၀၀၀   ကို လည်းကောင်း   သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းတို့အား   မူးယစ်ဆေးဝါး နှင့်   စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ  ဥပဒေအရ   အရေးယူထားကြောင်း      သိရ သည်။                      

ရဲပြန်ကြား