မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်  ဇန်နဝါရီ  ၇


မူးယစ်ဆေးဝါး    တားဆီး နှိမ်နင်းရေး    ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော    ပူးပေါင်းအဖွဲ့ သည်       ဇန်နဝါရီ ၆ ရက်   နံနက် ၈ နာရီ ၄၅ မိနစ်တွင်  မိုးညှင်းမြို့နယ်      နန့်ပုတ် ကျေးရွာအုပ်စု  နန့်ပုတ် ကျေးရွာအနီးတွင် ကျော်နိုင် ဝင်း    မောင်းနှင်လာသည့်     ဆိုင်ကယ်နှင့် မဖြူ မောင်းနှင် လာသည့်    ဆိုင်ကယ်တို့ကို    ရပ်တန့်   စစ်ဆေးရှာဖွေရာ ဘိန်းဖြူ   ၀  ဒသမ  ၁၇ ကီလိုကို        လည်းကောင်း၊       အလားတူ  ယင်းနေ့   နံနက် ၁၁  နာရီခွဲတွင်     မူးယစ် ဆေးဝါး  တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ    ပါဝင်သော ပူးပေါင်းအဖွဲ့သည်      မြိတ် မြို့နယ် မြိတ်တောင်ကျေးရွာ တွင် သိန်းမင်း (ခ) ငယ်လေး ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့်    စစ်ဆေးရှာဖွေရာ     စိတ်ကြွ ရူးသွပ်ဆေးပြား  ၂၀၀၀  ကို လည်းကောင်း၊ ကွင်းဆက် အရ    မြိတ်မြို့နယ်   မြိတ် တောင်ကျေးရွာတွင် မဝါဝါ (ခ)မဝါ  မောင်းနှင်လာသည့် ဆိုင်ကယ်ကို         ရပ်တန့် စစ်ဆေးရှာဖွေရာ    စိတ်ကြွ ရူးသွပ်ဆေးပြား  ၂၀၀၀   ကို လည်းကောင်း   ထပ်မံ  သိမ်း ဆည်းရမိသည်။

 


ထို့ပြင်  ယင်းနေ့  မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည်  နောင်ချိုမြို့နယ်  မူဆယ်-မန္တလေးသွား  ကား လမ်း၊  မိုင်တိုင်အမှတ်(၈၀/၄)အနီးတွင်  ဇင်မိုးလင်း မောင်း နှင်လာသည့်   ဆိုင်ကယ်ကို   ရပ်တန့်  စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်     ဆေးပြား    ၃၈၀၀   ကို  လည်းကောင်း၊ ထို့အတူ   ဇန်နဝါရီ ၄ ရက်   ညပိုင်းတွင်     တာချီလိတ် မြို့မရဲစခန်းမှ    တပ်ဖွဲ့ဝင်များ ပါဝင်သော     ပူးပေါင်းအဖွဲ့ သည်         တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်  ပုန်းထွန် ဝါးဆိပ်လမ်းဆုံတွင်  အားဂါ နှင့်     မအေးအေးခိုင်တို့ကို မသင်္ကာဖွယ်  တွေ့ရှိသဖြင့်    စစ်ဆေးရှာဖွေရာ     စိတ်ကြွ ရူးသွပ်ဆေးပြား   ၄၀၀၀ ကို လည်းကောင်း  သိမ်းဆည်း ရမိခဲ့သဖြင့်       ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်    စိတ်ကို ပြောင်းလဲစေသော    ဆေးဝါး များဆိုင်ရာ      ဥပဒေအရ   အရေးယူထားကြောင်း သိရ သည်။              

 

ရဲပြန်ကြား