
ကျော်ကျော်လှိုင်
အတ္တသမ္မာပဏိဓိစ ခေါ် မိမိကိုယ်ကိုကောင်းစွာဆောက်တည်ခြင်းနှင့် ဓမ္မစရိယာစ ခေါ် ကောင်းသောတရား၊ မှန်ကန်သောတရား မျှတသောတရားကို ကျင့်ခြင်းသည် မင်္ဂလာမည်၏ဆိုသည့် မင်္ဂလာတရားနှစ်ပါးသည် မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကို မြတ်နိုးစေရန် ဟောကြားသည့် တရားများဖြစ်ပါသည်။ မကောင်းမှုကို စိတ်နှင့်ပင်လျှင် မပြစ်မှားစေရန် ဗုဒ္ဓဘုရားရှင်က အာရတီပါပါကို ဆက်လက်ဟောကြားခဲ့ပါသည်။ လောဘ၊ ဒေါသ၊ သဝန်တိုစိတ်၊ မနာလိုစိတ်၊ တစ်ကိုယ်ကောင်းစိတ်၊ နာကြည်းစိတ်တို့သည် မကောင်းမှုကို ဖြစ်စေသောစိတ်များဖြစ်ပါသည်။
လောဘစိတ်သည် အလွန်ကြောက် စရာ ကောင်းပါသည်။ လောဘကြီးသူများ သည် ဥပဒေကို ချိုးဖောက်ရန် ဝန်မလေး သလို တစ်ဖက်သား ဒုက္ခရောက်မည်ကို လည်း အလေးမထားသူများဖြစ်ပါသည်။ ယနေ့ခေတ်တွင် လောဘစိတ်ကြောင့် အစားအသောက်များ အရောင်လှစေရန် အန္တရာယ်ရှိသည့် ဆိုးဆေးများ သုံးကြ၍ လူအများ ကျန်းမာရေးထိခိုက်ရပါသည်။ ဆိုးဆေးသည် အူမကြီးကင်ဆာကိုလည်း ဖြစ်စေပါသည်။ ထိုနည်းတူ အစား အသောက်များတာရှည်ခံရန် ဖော်မလင် ကို သုံးကြပါသည်။ ဖော်မလင်သည် လူသေများ မပုပ်မသိုးရန် သုံးသောဆေး ဖြစ်ပါသည်။ စားသုံးရန် မသင့်ပါ။ လောဘကြီးသူတို့က လောဘစိတ် ကြောင့် ဖော်မလင်ကို အစားအသောက် များ တာရှည်ခံရန်သုံးသောအခါ လူ အများ ဒုက္ခရောက်ရပါသည်။ အများကို ထိခိုက်သည့် အလုပ်ကို မလုပ်မိရန် လောဘစိတ်ကို သတ်နိုင်ရပါမည်။ တစ်ချိန်ကလည်း စီးပွားရေးလုပ်ငန်းရှင် ကြီးများက လောဘကြောင့် သစ်များကို ခွင့်ပြုတာထက် ပိုခုတ်ပါသည်။ ခိုးခုတ်ပါ သည်။ ဤအကျိုးဆက်ကြောင့် သစ်တော များ ပြုန်းတီးရပါသည်။ သစ်တောများ ပြုန်းတီး၍ ရာသီဥတုများဖောက်ပြန်ပါ သည်။ မိုးကြီးသည့်အခါ သစ်တောများ မရှိ၍ မြစ်ချောင်းများ ရေကြီးရေလျှံမှုဖြစ် ကာ သီးနှံများပျက်စီးပြီး လူအများ ဒုက္ခ ရောက်ရပါသည်။ လောဘစိတ်ကြောင့် ကျေးဇူးတရားကို သိတတ်မှုလည်း ကွယ်ပျောက်ပါသည်။ ကျေးဇူးတရားကို မသိသည့်အခါ ခင်ပွန်းကြီး ၁၀ ပါး အပေါ် တွင်လည်း ကျေးဇူးကန်းပါသည်။
ခင်ပွန်းကြီး ၁၀ ပါးမှာ -
၁။ ဗုဒ္ဓ - သဗ္ဗညုဗုဒ္ဓ ဘုရားရှင်။
၂။ ပစ္စေကဗုဒ္ဓ - ဘုရားငယ်။
၃။ အရဟန္တ - အာသဝေါကုန် ပြီးသော ရဟန္တာ။
၄။ အဂ္ဂသာဝက - ဗုဒ္ဓဘုရားရှင်၏
လက်ျာရံ၊ လက်ဝဲရံ
သာဝကများ။
၅။ မာတာ - မွေးသမိခင်။
၆။ ပိတာ - မွေးသဖခင်။
၇။ ဗုဒ္ဓါပစာယန - အသက်၊ သိက္ခာ၊
သီလ၊ အာစရ၊
အမျိုး စသည်တို့တွင် မိမိထက် ကြီးမြတ်
၍ ရိုသေထိုက်သူများ။
၈။ အာစရိယ - သွန်သင် ဆုံးမ
ပညာပေးသော
ဆရာများ။
၉။ ဟိတ ကရ - ထမင်း၊ အစား
အသောက်၊ အိပ်ရာ၊
နေရာ၊ အဝတ်ပုဆိုးစသော အာမိသနှင့်
တကွ တစ်စုံတစ်ခု ကျေးဇူးရှိခဲ့သူများ။
၁၀။ ဓမ္မကထိက - ကောင်းကျိုးရရေး
အတွက် တရား
ဟောပေးသူ တရားဆရာ။
ခင်ပွန်းကြီး ၁၀ ပါးကို ကျေးဇူးကန်း သူသည် အလွန်အပြစ်ကြီးပါသည်။ လောဘစိတ်ကြောင့် ဒေါသဖြစ်ပါသည်။ လောဘကြီးပြီး လိုတာမရသည့်အခါ ဒေါသက လိုက်လာပါသည်။ ဒေါသကြီး လာသည့်အခါ မောဟအမိုက်မှောင်ဖုံး သည့်အတွက် အမှားအမှန်ကို ဆင်ခြင် နိုင်သည့်ဉာဏ် မရှိတော့ပါ။ အမှား အမှန်ကို မဆင်ခြင်နိုင်သည့်အတွက် တစ်ဖက်သားကို စိတ်လိုက်မာန်ပါ ကိုယ်ထိလက်ရောက် နာကျင်အောင် ပြု လုပ်မိပါသည်။ တစ်ဖက်သားကို နစ်နာ အောင် ပြောဆိုမိပါသည်။ “ကြမ်းကျွံလျှင် နုတ်၍ရသည်၊ စကားကျွံလျှင် နုတ်မရ” ဆိုသည့် စကားပုံအတိုင်း ဖေ့စ်ဘွတ်ပေါ် တွင် တစ်ဖက်သားကို ထိခိုက်ပုတ်ခတ် ပြောဆိုရေးသားမိ၍ အမှုအခင်း ရင်ဆိုင် နေရသူများကို နေ့စဉ်လိုလို တွေ့မြင်နေရ ပါသည်။ “နှုတ်ကြောင့်သေ” ဆိုသည့် အတိုင်း ဒေါသအလျောက် စိတ်လိုက်မာန် ပါ တစ်ဖက်သားကို နစ်နစ်နာနာ ပြောဆို မိလျှင် အမှုအခင်းများ ရင်ဆိုင်ရပြီး မိမိ နာမည်၊ မိမိဘဝပါ သေသွားနိုင်ပါသည်။ တစ်ဖက်သားက ဒေါသထွက်ပြီး မိမိကို ကိုယ်ထိလက်ရောက်လည်း ရန်ရှာနိုင်ပါ သည်။
မနာလိုဝန်တိုစိတ်
တစ်ဖက်သားအပေါ် မနာလိုဝန်တို စိတ်သည်လည်း မကောင်းသည့်စိတ်ဖြစ် ပါသည်။ “ကိုယ့်ထက်သာ မနာလို” ဆို သည့်အတိုင်း လူတော်တော်များများသည် မိမိထက်သာတာကို မြင်ရလျှင် မနာလို စိတ် ဝန်တိုစိတ်များ ဖြစ်လာတတ်ပါ သည်။ မနာလိုစိတ်၊ ဝန်တိုစိတ်များသည် မကောင်းမှုကို ဖြစ်စေသည့်စိတ်များ ဖြစ်ပါသည်။ မနာလိုဝန်တိုစိတ်ကြောင့် တစ်ဖက်သား ပျက်စီးရာ ပျက်စီးကြောင်း ကို စဉ်းစားပါသည်။ တစ်ဖက်သား ပျက် စီးသည်ကို မြင်ရကြားရသည့်အခါ ပျော်ရွှင်ပါသည်။ အကုသိုလ်စိတ်ဖြစ် ပါသည်။ တစ်ဖက်သားအပေါ် မနာလိုဖြစ် မည့်အစား မိမိကိုယ်မိမိ ဖွံ့ဖြိုးတိုးတက် အောင် ကြိုးစားသင့်ပါသည်။ တရား သောနည်းဖြင့် တစ်ဖက်သားထက်သာ အောင် ကြိုးစားရပါမည်။
ဗုဒ္ဓဘုရားရှင်သည် မိမိအပေါ် မနာ လိုဝန်တိုစိတ်ဖြင့် ပျက်စီးအောင်အမြဲ ကြိုးစားအားထုတ်သည့် ဒေဝဒတ်အပေါ် ထားသည့်စိတ်သည် အလွန်ပင်အတုယူ ထိုက်ပါသည်။ ဒေဝဒတ် အပေါ်ထားသည့် သဘောထားကို ရှင်အာနန္ဒာက မိမိအနေ ဖြင့် နားမလည်နိုင်ကြောင်းကို မေးမြန်း သည့်အခါ- “ငါဘုရား ဒီပင်္ကရာ ဘုရား ရှင်လက်ထက်တော် ဘုရားဆုပန်ပြီး သည့် အချိန်ကစလို့ အခုဘုရားဖြစ် သည့်ဘဝအထိ ရှင်ဒေဝဒတ်သည် ငါ ဘုရားကို အမြဲဆန့်ကျင်ခဲ့တယ်။ သူက ဆန့်ကျင်လေ ငါက ကောင်းအောင်လုပ် လေပဲ၊ ငါဘုရား ပါရမီတော် နုနယ်စဉ် ကာလတွေမှာ လုပ်ခဲ့တဲ့အမှားတွေကို သူက အပြစ်တင် အပုပ်ချတယ်၊ ငါဘုရား က အဲဒီလို ပြောတာတွေကို အပြစ် မမြင် ခဲ့ပါ။ အပြောမခံရအောင်သာ ကြိုးစားပြု ပြင်ခဲ့ပါတယ်။ ဒေဝဒတ်၏ ကောင်းမှု ကြောင့် ပါရမီရင့်သန်မှုတွေ မြန်ခဲ့တယ်။ ဘုရားဖြစ်လာတဲ့ ယခု ဘဝမှာတောင် ရှင်ဒေဝဒတ်ကြောင့်သာ ငါဘုရားနှင့် ဓမ္မဟာ အခုလောက်မြန်မြန် ဂုဏ် သတင်းမွှေးပြီး ငါဘုရားရဲ့ သံဃာ အဖွဲ့အစည်းလည်း ကျစ်လျစ်ခိုင်မာစွာ ဖွဲ့စည်းနိုင်ခဲ့တာဖြစ်တယ်၊ ရှင်ဒေဝဒတ် က သူ့ရဲ့ အဓမ္မနဲ့ ပြိုင်လေ၊ ဖျက်လေ၊ ငါ ဘုရားရဲ့ ဓမ္မဂုဏ်သတင်းတက်လေ၊ ရှင်ဒေဝဒတ် သံဃအဖွဲ့အစည်းကို ဖျက် လို ဖျက်ဆီးလုပ်လေ၊ သံဃာအဖွဲ့က ပိုမို ကျစ်လျစ်ခိုင်မာလေပဲ၊ ငါဘုရားကို ဆန့်ကျင်တာလုပ်ရင်း လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင် ပါရမီဖြည့်လိုက်တာ ဒီဘဝမှာ မြေမြိုအဝီစိငရဲမှာ ကျခံရသည် အထိ ပါရမီဖြည့်သွားတာမို့ ကျေးဇူးရှင် ဟု ဆိုခြင်းပါ ချစ်သား အာနန္ဒာ” ဟု မိန့်ပါသည်။
မိမိအပေါ် မနာလိုဝန်တိုသူများကို ပျက်စီးရာပျက်စီးကြောင်း ကြံစည် အားထုတ်မည့်အစား သတိနှင့်ထိန်းပြီး မိမိကိုယ်မိမိသာ ပိုပိုပြီးတော်လာအောင်၊ ကောင်းလာအောင် ကြိုးစားရပါမည်။ မကောင်းမှုများကို စိတ်နှင့် ဝေးဝေး ရှောင်ခြင်းသည် မင်္ဂလာတရားတော် နှင့်အညီ ကျင့်ကြံနေထိုင်ခြင်းဖြစ် ပါသည်။ ပုထုဇဉ် လူသားများဖြစ်၍ လောဘ၊ ဒေါသ၊ မောဟ၊ မနာလို ဝန်တို ခြင်းတို့ကို အရှင်းမရှိအောင်နေရန် ခက် ပါသည်။ ဖြစ်လာသည့်အခါ သတိကပ်ရန် အရေးကြီးပါသည်။ သတိကပ်ရန် စာများ များ ဖတ်ရပါမည်။ ကောင်းသောတရား များကို နာရပါမည်။ ဖတ်ပြီး၊ နာပြီးသည့် အခါ မိမိသိထားသည်များကို ပြန်ဆင်ခြင် ရန်လည်း လိုပါသည်။ သို့မှသာ သတိကပ် နိုင်ပါမည်။
နာကြည်းစိတ်
မကောင်းမှုကို ဖြစ်စေသည့် နောက် စိတ်တစ်မျိုးသည် နာကြည်းစိတ် ဖြစ်ပါ သည်။ မိမိ၏အကျိုးစီးပွားကို ထိခိုက်လာ သည့်အခါ သို့မဟုတ် မိမိကို ညှဉ်းပန်း နှိပ်စက်အနိုင်ယူသည့်အခါ သို့မဟုတ် မိမိ ၏ဂုဏ်သိက္ခာကို ထိခိုက်အောင် တစ်ဖက် သားက ပြုမူလုပ်ဆောင်လာသည့်အခါ တွင် နာကြည်းစိတ်ကြောင့် လက်စား ချေလိုစိတ်၊ လက်တုံ့ပြန်လိုစိတ်များ ဖြစ်လာပါသည်။ လက်စားချေလိုစိတ်၊ လက်တုံ့ပြန်လိုစိတ်များသည် မကောင်း မှုကို ဖြစ်စေသည့် စိတ်များဖြစ်ပါသည်။ မိမိအပေါ် မကောင်းကြံသည့်သူများကို နာကြည်းစိတ် မမွေးဘဲနှင့် ခွင့်လွှတ် မေတ္တာထားသည့်စိတ် မွေးမြူခြင်းအား ဖြင့် မကောင်းမှုကို စိတ်ဖြင့်ဝေးဝေး ရှောင်ကြဉ်ရာ ရောက်ပါသည်။ ပညာရှိ သူတော်ကောင်းများသည် မိမိအပေါ် မကောင်းကြံသူများကို ခွင့်လွှတ်သည့် မေတ္တာစိတ်အမြဲထားပါသည်။ ကမ္ဘာပေါ် တွင် ဩဇာကြီးမားခဲ့သော အိန္ဒိယနိုင်ငံ ၏ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ သည် အကြမ်းဖက်မှုကို မလိုလားသူ ဖြစ်ပါသည်။ “မိမိမျက်လုံး တစ်လုံး ဖောက်ခံရလို့ သူများမျက်လုံးပြန် ဖောက်ရင် တစ်ကမ္ဘာလုံး အကန်းတွေ ချည်း ဖြစ်မှာပေါ့” ဟု ဂန္ဒီကြီးက ဆိုခဲ့ ပါသည်။ ဤအဆိုကို ကြည့်လျှင် ဂန္ဒီကြီး သည် လက်စားချေခြင်းကို အားမပေး ကြောင်း ထင်ရှားပါသည်။ မေတ္တာတရား သည် အလွန်အင်အားကြီးပါသည်။
မကောင်းမှုကိုဖြစ်စေသည့် စိတ်တွေ ကို ရှောင်ကြဉ်နိုင်ရန် ကောင်းမှုကို ဖြစ်စေသည့် စိတ်များကို မွေးမြူရပါမည်။ ကိုယ်ချင်းစာစိတ်၊ အများအကျိုး၊ တစ်ဖက်သားအကျိုးကို ဆောင်ရွက်ပေး ချင်သည့်စိတ်၊ မျှတမှုကို လိုလားသည့် စိတ်၊ လူအများအပေါ် အကြင်နာ၊ မေတ္တာ ထားသည့် စိတ်များသည် ကောင်းမှု ကို ဖြစ်စေသည့် စိတ်များ ဖြစ်ပါသည်။
ကိုယ်ချင်းစာစိတ်ရှိသည့်အတွက် တစ်ဖက်သားကို ထိခိုက်မည့် အလုပ်များကို ရှောင်ပါသည်။ အများအကျိုးကို ဆောင်ရွက်ပေး လိုစိတ်ရှိသူသည် အများကို ထိခိုက်နစ်နာစေမည့် အပြောအဆို၊ အပြုအမူများကို ရှောင်ပါသည်။ မျှတမှုကို လိုလားသူသည် တစ်ကိုယ်ကောင်းမဆန်သူ ဖြစ်ပါသည်။ လောဘရမ္မက်မကြီးသူ ဖြစ်ပါသည်။ စည်းကမ်းစောင့်ထိန်းသူ ဖြစ်ပါသည်။ လူအများအပေါ် မေတ္တာထားသူကြောင့် ချစ်ခြင်းမေတ္တာတရားများ ခိုင်မြဲကာ လူ အများ တစ်ဦးအပေါ်တစ်ဦး ရန်လိုစိတ်များနည်းပါမည်။
နိဂုံးချုပ်အနေဖြင့် ကိုယ်ချင်းစာစိတ်၊ အများအကျိုး၊ တစ်ဖက် သားအကျိုးကို ဆောင်ရွက်ပေးလိုသည့်စိတ်၊ မျှတမှုကို လိုလား သည့်စိတ်၊ လူအများအပေါ် အကြင်နာ၊ မေတ္တာထားသည့် စိတ်များ ကို ပြုစုပျိုးထောင်ခြင်းဖြင့် အာရတီပါပါဟု ခေါ်သော မကောင်းမှုကို စိတ်ဖြင့် ဝေးစွာရှောင်နိုင်ပြီး မင်္ဂလာတရားတော်နှင့်အညီ ချမ်းသာ အောင်မြင်ခြင်းကို ရပါမည်။
“မှတ်သားစရာ”
မနာလို ဝန်တိုစိတ်၊ နာကြည်းစိတ်၊ လက်စားချေလိုစိတ် တို့ကို သတိတရားဖြင့် ဆင်ခြင်၍ မေတ္တာတရားဖြင့် အနိုင်ယူ ကြရပါမည်။
ကျမ်းကိုး
၁။ သုတေသန သရုပ်ပြအဘိဓာန်။ အရှင်သြဘာသာ ဘိဝံသ မထေရ်မြတ်။
၂။ အတွေးအမြင်။ ဒေါက်တာ မောင်သင်း။
- Log in to post comments