မကွေးတိုင်းဒေသကြီး ဆောမြို့နယ်ရှိ လုံခြုံရေးရဲတပ်ဖွဲ့စခန်းများ PDF အမည်ခံ အကြမ်းဖက်သမားများက ဝင်ရောက်တိုက်ခိုက်၊ စစ်ရေးပစ်မှတ်မဟုတ်သည့် ရုံးဌာန အဆောက်အဦ ရှစ်လုံးနှင့် လူနေအိမ်နှစ်လုံး အကြောင်းမဲ့မီးရှို့ဖျက်ဆီး

 

နေပြည်တော်  ဖေဖော်ဝါရီ  ၄


NUG၊ CRPH နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထုများအကြား   အကြောက် တရားများလွှမ်းမိုးပြီး         အုပ်ချုပ်ရေး ယန္တရား ပျက်ယွင်းလာစေရေးအတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ် ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာ ရေးဆိုင်ရာအဆောက်အဦများ၊    လူနေ အိမ်များ၊ ဆေးရုံ၊ ဆေးခန်းနှင့် စာသင် ကျောင်းများအား လက်လုပ်မိုင်း၊ လက်လုပ် ဗုံးများ အသုံးပြုကာ  ဖောက်ခွဲတိုက်ခိုက်၊  မီးရှို့ဖျက်ဆီးခြင်း၊      နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေ ရေးအတွက်     နိုင်ငံ့ဝန်ထမ်းများ အား   ခြိမ်းခြောက်ခြင်း၊  ရုံးဌာန အဆောက်အဦများကို  မိုင်းထောင် ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း များကို   လုပ်ဆောင်လျက်ရှိသည်။

 


ထိုကဲ့သို့ အကြမ်းဖက်အဖျက် အမှောင့်များ       ပြုမူလုပ်ဆောင် လျက်ရှိရာ  ဖေဖော်ဝါရီ   ၄ ရက် နံနက် ၅  နာရီခန့်တွင်    မကွေး တိုင်းဒေသကြီး ဆောမြို့   ဇေယျာ ရပ်ကွက်ရှိ ဆောမြို့မရဲစခန်းအား လည်းကောင်း၊ တစ်ချိန်တည်းတွင် ဆောမြို့နယ်နှင့် ၁၂ မိုင်ခန့်အကွာ လောင်းရှည်ကျေးရွာရှိ  လောင်း ရှည် နယ်မြေရဲစခန်းကို   လည်း ကောင်း  PDF  အမည်ခံအကြမ်း ဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်   ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့်      လုံခြုံရေး တပ်ဖွဲ့ဝင်များက      ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံ    တိုက်ခိုက်ပစ်ခတ် ခဲ့ရာ     အကြမ်းဖက်အဖွဲ့များ အနောက်ဘက်နှင့် တောင်ဘက် သို့ ထွက်ပြေးဆုတ်ခွာသွားခဲ့သည်။

 


ထိုသို့      ဆုတ်ခွာထွက်ပြေး သွားခဲ့ရာ     ဆောမြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် PDF အမည်ခံ  အကြမ်းဖက်သမားများ သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ခုခံ      တိုက်ခိုက်မှုများ ကြောင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေး စဉ် လုံခြုံရေးတပ်ဖွဲ့များ လိုက်လံ ချေမှုန်းတိုက်ခိုက်မှု မပြုလုပ်နိုင် စေရန်အတွက်   ၎င်းတို့ဆုတ်ခွာ ထွက်ပြေးရာ        လမ်းကြောင်း တစ်လျှောက်၊ ဇေယျာရပ်ကွက် အတွင်းရှိ မြို့နယ်စည်ပင်သာယာ ရေးကော်မတီရုံး၊ သစ်ထုတ်လုပ် ရေးစခန်းရုံး၊ မြေစာရင်းဦးစီးဌာန ရုံး၊      စာရင်းစစ်ဦးစီးဌာနရုံး၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၊ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဦးစီး ဌာနရုံး၊ မီးသတ်ဦးစီးဌာနရုံးနှင့် မီးသတ်ယာဉ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်  ဖွံ့ဖြိုးရေးပါတီရုံး၊ စုစုပေါင်းရုံးဌာန ရှစ်ခုအပြင် လူနေ အိမ်နှစ်လုံးတို့ကို   မီးရှို့ဖျက်ဆီး သွားခဲ့ရာ     မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့သဖြင့်  လုံခြုံရေးတပ်ဖွဲ့ ဝင်များက   ဝိုင်းဝန်းမီးငြှိမ်းသတ် ခဲ့ရသည်။
အထက်ပါ    မီးလောင်ကျွမ်းမှု များကြောင့် ကာလတန်ဖိုး သိန်း ၂၀၀၀ ခန့်   ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်   ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။ 

 


ထိုကဲ့သို့     စစ်ရေးပစ်မှတ် မဟုတ်သည့် အစိုးရရုံးအဆောက် အဦများနှင့် အများပြည်သူနေအိမ် များကို တစ်ဖက်သတ်အစွန်းရောက် ဝါဒစွဲအပေါ်အခြေခံကာ  အသိ ဉာဏ်နည်းပါးစွာ မီးရှို့ဖျက်ဆီးခဲ့ သည့်  PDF   အမည်ခံ အကြမ်းဖက် သမားများအား ဖော်ထုတ်အရေး ယူနိုင်ရေးနှင့်   နယ်မြေလုံခြုံရေး အတွက်  လုံခြုံရေးတပ်ဖွဲ့ဝင်များ က      လိုအပ်သည်များ ဆက်လက်   ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။  

 

 
သတင်းစဉ်