မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ အမျိုးသား နှစ်ဦးက အရပ်သားပြည်သူ တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ငွေကျပ်သိန်း ၇၀၀ လုယက်ယူဆောင်

 

နေပြည်တော် ဩဂုတ် ၁၉


မကွေးတိုင်းဒေသကြီး  မြိုင်မြို့နယ်၌  PDF အကြမ်း ဖက်လက်နက်ကိုင်အဖွဲ့ဝင်    အမျိုးသား   နှစ်ဦးက အရပ်သားပြည်သူ တစ်ဦးကို     သေနတ်ဖြင့် ပစ်ခတ် ခြိမ်းခြောက်၍    ငွေကျပ်သိန်း   ၇၀၀    လုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ      ယနေ့နံနက်      ၁ နာရီတွင် မကွေးတိုင်းဒေသကြီး  မြိုင်မြို့နယ် ဆူးဝင်းကျေးရွာ နေ ဦးမျိုးထွန်း(၃၉)နှစ် (ဘ)ဦးကျော်သိန်းကို  PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင်     အမျိုးသား နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ငွေကျပ် သိန်း   ၇၀၀    လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ ဦးမျိုးထွန်း(၃၉)နှစ် (ဘ)ဦးကျော်သိန်း သည်  ၎င်း၏နေအိမ်၌  မိသားစုနှင့်အတူ   ရှိနေစဉ် အစိမ်းရောင်  ပြောက်ကျားဦးထုပ်ဝိုင်း၊ အင်္ကျီလက် ရှည်၊ ဘောင်းဘီရှည်၊  တောစီးပြောက်ကျားဖိနပ်များ ဝတ်ဆင်ထားကာ     မျက်နှာဖုံးတပ်ဆင်ထားသည့် PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ အမျိုးသား နှစ်ဦးက ခြံစည်းရိုးအုတ်တံတိုင်းနှင့် သွပ်ဆူးကြိုးများ ကို   ဖျက်ဆီး၍   ခြံဝင်းအတွင်း  ဝင်ရောက်လာပြီး နေအိမ်ရှေ့တံခါးကို   ဆွဲဖွင့်နေသဖြင့် ဦးမျိုးထွန်းက တံခါးဖွင့်    မေးမြန်းစဉ်    ၎င်းတို့   နှစ်ဦးအနက် အမျိုးသားတစ်ဦးက      သေနတ်ဖြင့်      ပစ်ခတ်ခဲ့ရာ ဦးမျိုးထွန်းတွင်   ယာဘက်မေးရိုးရှပ်ထိ    ဒဏ်ရာ   တစ်ချက်ရရှိခဲ့သည်။ 


ဆက်လက်၍      အဆိုပါ     အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ဝင်         အမျိုးသားနှစ်ဦးက ဦးမျိုးထွန်းကို    ခြိမ်းခြောက်ကာ  နေအိမ်ရှိ မီးခံ သေတ္တာသော့   ဖွင့်ခိုင်း၍ အတွင်းရှိ  ငွေကျပ်သိန်း ၇၀၀ အား   လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ပြီး အခင်းဖြစ်နေရာ၌ ၎င်းတို့ ပစ်ခတ်ခဲ့သည့် LC 87 စာတန်းပါ     ကျည်ခွံတစ်ခုနှင့်     ကျည်တောင့်   တစ်တောင့်တို့ကို  တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။


အထက်ပါဖြစ်စဉ်မှ    သေနတ်ဖြင့်   ပစ်ခတ် ခြိမ်းခြောက်၍      ငွေကျပ်သိန်း  ၇၀၀  လုယက် ယူဆောင်ကာ ထွက်ပြေးသွားခဲ့သည့် PDF အကြမ်း ဖက်လက်နက်ကိုင်အဖွဲ့ဝင်     အမျိုးသားနှစ်ဦးကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက        အသေးစိတ်စုံစမ်း စစ်ဆေးမှုများ       ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်