မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်၌ ငွေကျပ် ၂ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်   နိုဝင်ဘာ   ၂၄

 


မကွေးတိုင်းဒေသကြီး  ငဖဲမြို့နယ် ၌   ငွေကျပ် ၂ ဒသမ ၂၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း   မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


ဖြစ်စဉ်မှာ    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး   ရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နိုဝင်ဘာ ၂၁ ရက် ည ၈ နာရီတွင် ငဖဲမြို့နယ် မကွေး-အမ်းသွားလမ်း၊   ပဒါန်း  (ပျဉ်းဝ)   ပူးပေါင်း  စစ်ဆေးရေးစခန်းတွင်    မကွေးမှ        အမ်းဘက်သို့ အောင်အောင် မောင်းနှင်လာသည့် မော်တော်ယာဉ်ကိုရှာဖွေရာ ဒေသ ကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၂၅   ဘီလီယံတန်ဖိုးရှိ     စိတ်ကြွ ရူးသွပ်ဆေးပြား    ၉     သိန်း သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေး ပေါ်ပေါက်ချက်အရ        အဆိုပါ  စိတ်ကြွရူးသွပ်ဆေးပြားများကို ရန်ကုန်တိုင်းဒေသကြီးမှ   ရခိုင် ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ် ကြောင်း  သိရှိရသဖြင့်   ဥပဒေအရ အရေးယူထားရှိပြီး     ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို       ဆက် လက်စစ်ဆေး    ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။ 


သတင်းစဉ်