မလေးရှား ချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ထိုင်းအိုးပင်း ပြေးခုန်ပစ်ပြိုင်ပွဲ မြန်မာပြေးခုန်ပစ်အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်    ဇွန်    ၁၂
မြန်မာပြေးခုန်ပစ်အဖွဲ့သည် မလေးရှား ချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ထိုင်းအိုးပင်း ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး  ဇွန် ၁၂ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ ထွက်ခွာသွားသည်။
မလေးရှား ချန်ပီယံရှစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာပြေးခုန်ပစ်အဖွဲ့ တွင်  အုပ်ချုပ်/နည်းပြအဖြစ် ဦးထွန်းတင်၊ ကစားသမား များအဖြစ် အမျိုးသား-ပြည့်ဖြိုးထွန်း၊ အမျိုးသမီး-ဇင်မေထက်တို့ ပါဝင် သည်။ ယင်းကစားသမားနှစ်ဦးစလုံးသည် လမ်းလျှောက်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ 
ထိုင်းအိုးပင်း   ပြေးခုန်ပစ်ပြိုင်ပွဲယှဉ်ပြိုင်မည့်    မြန်မာပြေးခုန်ပစ် အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးကိုကိုလေး၊ အုပ်ချုပ်သူအဖြစ် ဦးကျော်ထူးအောင်၊ နည်းပြအဖြစ် ဦးကျော်စွာမိုး၊ ဒေါ်ခင်အုန်း၊ ကစား သမားများအဖြစ် ကျော်မင်းအောင် (မီတာ ၅၀၀၀၊ မီတာ ၁၀၀၀၀)၊ ကျော်သင်းစံ (မီတာ ၅၀၀၀၊ မီတာ ၁၀၀၀၀)၊ ရဲရင့် အောင် (မီတာ ၁၅၀၀)၊ ဟိန်းထက်အောင် (မီတာ ၈၀၀၊ မီတာ ၁၅၀၀)၊ ထက်ရှိုင်းအောင် (မီတာ ၁၀၀၊ မီတာ ၂၀၀)၊ ထက်ဝေယံ (သံလုံးပစ်၊ သံပြားဝိုင်းပစ်)၊ နန်းထက်မောင် (လှံတံပစ်)၊ ပိုင်ထက်ပိုင် (အလျားခုန်)၊ သွယ်သွယ်မိုး (ကြိုးတပ်သံလုံးပစ်)၊ အိအိဝိုင်း (မီတာ ၅၀၀၀၊ မီတာ ၁၀၀၀၀) တို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။   မြန်မာပြေးခုန်ပစ်အဖွဲ့   ယှဉ်ပြိုင်မည့်  မလေးရှားချန်ပီယံရှစ်  ပြေးခုန်ပစ်ပြိုင်ပွဲကို ဇွန် ၁၄ ရက် မှ ၁၆ ရက် အထိ၊ ထိုင်းအိုးပင်းပြိုင်ပွဲကို ဇွန် ၁၄ ရက်မှ ၁၇ ရက်အထိ ကျင်းပမည် ဖြစ်သည်။                            

 ညီမြတ်သော်တာ၊ ဓာတ်ပုံ - ကိုထွန်း