မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၈၅၄ ဦး ထပ်မံတွေ့ရှိ

ကွာလာလမ်ပူ    နိုဝင်ဘာ  ၂၂


မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၈၅၄ ဦး ထပ်မံတွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကူးစက်ခံရသူပေါင်း ၂၅၈၆၆၀၁ ဦး ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။ 


အဆိုပါ  ကိုဗစ်-၁၉  ရောဂါ  ကူးစက်ခံရသူများအနက် ၁၂ ဦးမှာ ပြည်ပမှပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး ၄၈၄၂ ဦးမှာ ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။


ထို့ပြင် ၂၄ ဦးမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ထပ်မံသေဆုံး သဖြင့် သေဆုံးသူပေါင်း ၃၀၀၀၂ ဦး ရှိလာပြီး ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း  ၂၄၈၇၈၀၉ ဦး  ရှိလာကြောင်း သိရသည်။

 
နိုင်ငံအတွင်း  လက်ရှိအချိန်၌  ရောဂါပိုးတွေ့ရှိဆဲလူနာ ၆၈၇၉၀ ရှိသည့်အနက် ၅၄၁ ဦးမှာ အထူးကြပ်မတ်ကုသဆောင်  များ၌ ကုသမှုခံယူနေဆဲဖြစ်ပြီး ၂၆၇ ဦးမှာ အသက်ရှူအထောက် အကူပြုကိရိယာ တပ်ဆင်ထားရကြောင်း သိရသည်။


နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးစီးသူ ၇၈  ဒသမ ၆  ရာခိုင်နှုန်းရှိပြီး ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးသူ ၇၆ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်။                                          

     ကိုးကား- ဆင်ဟွာ
ဘာသာပြန်- စိုးသူရ