မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်မှုကြောင့် အာဆင်နယ်၏ အမှတ်ပေးဖလားဆွတ်ခူးရေး ပိုမိုအခက်တွေ့ဖွယ်ရှိလာ

 

ပရီမီယာလိဂ် အမှတ်ပေးဖလားဆွတ်ခူးရေးအတွက် အရေးပါ သည့် ပွဲစဉ်တစ်ပွဲဖြစ်သော မန်စီးတီးနှင့် ဦးဆောင်သူ အာဆင် နယ်အသင်းတို့   ပွဲစဉ်ကို  ဧပြီ  ၂၇  ရက်  နံနက်  ၁  နာရီခွဲက  ယှဉ်ပြိုင်ကစားခဲ့ရာ (အပေါ်ပုံ) မန်စီးတီးအသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သောကြောင့် ပရီမီယာလိဂ်ရာသီ ကုန်ဆုံး ရန် နီးကပ်လာချိန်တွင် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာခဲ့ပြီဖြစ်သည်။ 

 


ယခုပွဲစဉ်တွင်      အာဆင်နယ်အသင်း       အနိုင်ရရှိလျှင် အမှတ်ပေးဖလားဆွတ်ခူးရန် လက်တစ်ကမ်းအလိုကို ရောက်ရှိ လာမည်ဖြစ်သော်လည်း       ဂိုးပြတ်      ရှုံးနိမ့်ခဲ့သည့်အတွက် ယခင်ထက်   ပိုမိုရုန်းကန်ရတော့မည်    ဖြစ်သည်။  ထို့ပြင်    အာဆင်နယ်အသင်း၏    လက်ကျန်ပွဲစဉ် များတွင်  ချယ်ဆီး၊  နယူးကာဆယ်၊  ဘရိုက်တန် စသော ကစားရခက်သည့် အသင်းများ ကျန်ရှိနေ သေးသည့်အတွက် ဖလားဆွတ်ခူးရေး လမ်းကြောင်း တွင် အခက်တွေ့ဖွယ်ရှိသည်။ 

 


အာဆင်နယ်အသင်းသည် ရာသီအစပိုင်း ပွဲစဉ် များတွင် ပြိုင်ဘက်များကို အခက်အခဲမရှိ အသာစီး ရယူကာ နိုင်ပွဲရလဒ်များ ဖော်ဆောင်နိုင်ခဲ့သော်လည်း  နောက်ပိုင်းပွဲစဉ်များတွင် တန်းဆင်းဇုန်မှ ဆောက် သမ်တန်၊  တန်းဆင်းဇုန်ဖိအားရှိသည့်  ဝက်စ်ဟမ်း စသည့်    အသင်းများကိုပင်    သရေကျအောင်ပင် ရုန်းကန်ရသည့်   အခြေအနေအထိ   ခြေစွမ်းသိသိ သာသာ   ကျဆင်းလာသည်။   ယခုပွဲစဉ်တွင်လည်း  မန်စီးတီးအသင်းကသာ ပွဲချိန်တစ်လျှောက် ဖိအား ပေး ကစားနိုင်ခဲ့ပြီး ဂိုးရရှိနိုင်သည့် အခွင့်အရေးများ၊ ဂိုးပေါက်ကန်သွင်းမှုများ ဖန်တီးနိုင်ခဲ့သည်။ 

 


မန်စီးတီးအသင်းအတွက်       သွင်းဂိုးများကို ဒီဘရိုင်း၊ စတုန်းစ်နှင့် ဟာလန်းတို့က သွင်းယူပေး နိုင်ခဲ့သည်။   အာဆင်နယ်အသင်းအတွက်   တစ်လုံး တည်းသော  ချေပဂိုးကို   ဟိုးဒင်းက    သွင်းယူပေး နိုင်ခဲ့သည်။    

 

      
ဧပြီ  ၂၇  ရက်   နံနက်ပိုင်းတွင်   မန်စီးတီးနှင့် အာဆင်နယ်အသင်းတို့အပြင်         နောတင်ဟမ်နှင့် ဘရိုက်တန်၊ ချယ်ဆီးနှင့် ဘရန့်ဖို့ဒ်၊ ဝက်စ်ဟမ်းနှင့် လီဗာပူးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည်။  နော်တင် ဟမ်နှင့်    ဘရိုက်တန်   ပွဲစဉ်တွင်    နော်တင်ဟမ်က သုံးဂိုး - တစ်ဂိုး၊   ချယ်ဆီးနှင့်     ဘရန့်ဖို့ဒ်ပွဲစဉ်တွင် ဘရန့်ဖို့ဒ်က နှစ်ဂိုးပြတ်၊ ဝက်စ်ဟမ်းနှင့် လီဗာပူးက နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။        

                                                                   
အောင်ဇော်