
ဇန်နဝါရီ ၂၈ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလား စတုတ္တအဆင့်မှ မန်စီးတီးနှင့် အာဆင်နယ် အသင်းတို့ ပွဲစဉ်တွင် မန်စီးတီးအသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် နိုင်ပွဲရရှိပြီးနောက် တစ်ဆင့် တက်လှမ်းနိုင်ခဲ့သည်။
မန်စီးတီးအသင်းအတွက် တစ်လုံး တည်းသော သွင်းဂိုးကို ပွဲချိန် ၆၄ မိနစ်တွင် နသန်အကီက သွင်းယူပေးခဲ့သည်။ နှစ်သင်း ကြား ခြေစွမ်းကွာဟမှု မရှိသော်လည်း အဆုံးသတ်သေချာသည့် မန်စီးတီးအသင်း က နိုင်ပွဲရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပြိုင်ဘက် အာဆင်နယ်အသင်းသည် အီးအက်ဖ်အယ်ဖလားပြိုင်ပွဲတွင် ဘရိုက်တန် အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသလို ယခုအက်ဖ်အေဖလား ပြိုင်ပွဲတွင်လည်း မန်စီးတီးအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။
မန်စီးတီးအသင်းရော အာဆင်နယ် အသင်းပါ အားထားရသည့် ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာပြီး သွင်းဂိုး ရရှိရေးထက် အမှားမခံရေးကို အာရုံစိုက် လာသောကြောင့် ယခင်ပွဲစဉ်တွေက ထက် ဂိုးပေါက်ခြိမ်းခြောက်မှုနဲ့ ဂိုးပေါက် တည့်မတ်မှုမှာ သိသိသာသာ လျော့နည်း ခဲ့သည်။
မိုးဇက်