မန်စီးတီးနှင့် အင်တာမီလန်တို့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် တက်ရောက်

ယူအီးအက်ဖ်အေ     ချန်ပီယံလိဂ်  ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်များမှ  ဧပြီ  ၂၀  ရက်  နံနက် ၁ နာရီခွဲက တစ်ချိန်တည်း ယှဉ်ပြိုင် ကစားခဲ့သည့်    ဘိုင်ယန်မြူးနစ် နှင့် မန်စီးတီး၊ အင်တာမီလန်နှင့်  ဘင်ဖီကာအသင်းတို့     ပွဲစဉ်တွင် သရေ    ရလဒ်ဖြင့်သာ    ပြီးဆုံးခဲ့ သည်။  သို့သော်လည်း  နှစ်ကျော့  ပေါင်းရလဒ်ဖြင့်       ချန်ပီယံလိဂ်  ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ မန်စီးတီး နှင့်       အင်တာမီလန်အသင်းတို့ တက်ရောက်နိုင်ခဲ့သည်။ 

 


ဘိုင်ယန်မြူးနစ်နှင့် မန်စီးတီး အသင်းတို့ ပွဲစဉ်ကို ဘိုင်ယန်မြူးနစ် အိမ်ကွင်း၌      လက်ခံယှဉ်ပြိုင် ကစားခဲ့ခြင်းဖြစ်ပြီး     ပွဲကြည့် ပရိသတ်    ၇၅၀၀၀   လာရောက် ကြည့်ရှုခဲ့သည်။    ပထမအကျော့ တွင်     ဂိုးပြတ်   ရှုံးနိမ့်ထားသော ကြောင့်  ဘိုင်ယန်မြူးနစ်အသင်း  အနေဖြင့်     မန်စီးတီးအသင်းကို မဖြစ်မနေ ပြတ်သားသောရလဒ် ဖြင့် နိုင်ပွဲရရှိမှသာ နောက်တစ်ဆင့် တက်လှမ်းနိုင်မည်       ဖြစ်သည့်  အတွက် ပွဲစသည်နှင့်တစ်ပြိုင်နက်  ဖိအားပေး    ထိန်းချုပ်ကစားနိုင် ခဲ့သည်။ သို့သော်လည်း မန်စီးတီး အသင်း၏      ခံစစ်      ဟန့်တား  ရှင်းထုတ်နိုင်မှုနှင့်       ဂိုးသမား  အီဒါဆင်  လက်စွမ်းပြကာကွယ် ထားနိုင်မှုတို့ကြောင့် သွင်းဂိုးရရှိ ရေး အခက်တွေ့ခဲ့ရသည်။ 

 


ပွဲချိန် ၃၇ မိနစ်တွင် မန်စီးတီး အသင်း ပယ်နယ်တီကန်သွင်းခွင့် ရရှိခဲ့သော်လည်း အသင်းအဓိက တိုက်စစ်ကစားသမား    ဟာလန်း အဆုံးသတ်ကန်သွင်းရာ လွဲချော်ခဲ့ သည်။    ပွဲချိန်    ၅၇      မိနစ်တွင် ဒီဘရိုင်း၏ ဖန်တီးမှုကို ဟာလန်း က ဂိုးသွင်းယူနိုင်ခဲ့သည်။ ဘိုင်ယန် မြူးနစ်အသင်းအတွက် ချေပဂိုးကို  ပွဲချိန် ၈၃ မိနစ်တွင် ကင်မစ်ချ်က ပယ်နယ်တီမှတစ်ဆင့်      သွင်းယူ ပေးနိုင်ခဲ့သည်။ 

 


အင်တာမီလန်နှင့်   ဘင်ဖီကာ အသင်းတို့ပွဲစဉ်တွင် အပြန်အလှန် သွင်းဂိုးများနှင့်အတူ      အကြိတ် အနယ်ရှိခဲ့ပြီး       ပွဲအပြီးတွင် တစ်ဖက်သုံးဂိုးစီဖြင့်    သရေကျခဲ့ သည်။ အဆိုပါပွဲစဉ်ကို အင်တာ မီလန် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ခြင်းဖြစ်ပြီး    ပွဲကြည့်ပရိသတ် ၇၅၀၀၀ ကျော် လာရောက်ကြည့်ရှု ခဲ့သည်။    အင်တာမီလန်အသင်း အတွက် သွင်းဂိုးများကို ဘာရယ် လာ၊ မာတီနက်ဇ်နှင့် ကော်ရဲရား တို့က သွင်းယူပေးခဲ့ပြီး ဘင်ဖီကာ အသင်းအတွက်  သွင်းဂိုးများကို  အားနက်စ်၊ ဆီးဗားလ်နှင့် မူဆာ တို့က သွင်းယူပေးနိုင်ခဲ့သည်။ 

 


ချန်ပီယံလိဂ်ပြိုင်ပွဲ          ဆီမီး ဖိုင်နယ်တွင်    မန်စီးတီးက    ရီးရဲ မက်ဒရစ်အသင်းနှင့်     ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး အင်တာမီလန် အသင်းက  မြို့ခံပြိုင်ဘက် အေစီ မီလန်အသင်းနှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။        

 

အောင်ဇော်