
ချမ်းမြေ့မောင်
========
၁၉၁၂ ခုနှစ်တွင် ဗြိတိသျှတို့သည် ယခုပူတာအို ဖြစ်သော ခန္တီးလုံဒေသကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် ဗြိတိသျှအရေးပိုင် ဆင်မြူရယ်က လုပ်ခွန်စော်ဘွားမြို့ဖြစ်သော ပူတာအိုမြို့ကို အခြေပြု၍ ပူတာအိုစီရင်စုအဖြစ် သတ်မှတ်ဖွဲ့စည်း ခဲ့သည်။ ၄-၁-၁၉၄၈ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီး ၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ (၆)အရ ဗန်းမော်ခရိုင်နှင့် မြစ်ကြီးနားခရိုင်တို့ကို ပေါင်းစပ်၍ ကချင်ပြည်နယ်အဖြစ် ၁၀-၁-၁၉၄၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ထိုနေ့ကို ကချင်ပြည်နယ် နေ့အဖြစ် သတ်မှတ်ခေါ်တွင်ခဲ့သည်။
ယခုအခါ ကချင်ပြည်နယ်တွင် ဆင်ဘို၊ ရှင်ဗွေယန်၊ ဆဒုံး၊ ကန်ပိုက်တီ၊ ပန်ဝါ၊ ဟိုပင်၊ ကာမိုင်း၊ နမ္မတီး၊ အင်းတော်ကြီး၊ နန့်မွန်း၊ နန်းမား၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့လှနှင့် ပန်နန်းဒင်ဟူ၍ မြို့၁၅ မြို့အပြင် ခရိုင်လေးခရိုင်၊ မြို့နယ် ၁၈ မြို့နယ်၊ မြို့ ၃၃ မြို့၊ ရပ်ကွက်ပေါင်း ၁၇၈ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၅၈၇ အုပ်စု၊ ကျေးရွာပေါင်း ၂၅၀၇ ရွာ ရှိသည်။
ထိုသွေးချင်းတို့၏ ကချင်ပြည်နယ်တွင် နိုင်ငံ တော်အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာန ကချင် ပြည်နယ်လမ်းဦးစီးဌာနသည် လမ်းပေါင်း ၅၆ လမ်း၊ (မိုင်ပေါင်း ၂၁၈၀ မိုင် ၅ ဖာလုံ)နှင့် တံတား ပေ ၁၈၀ အထက် တံတားကြီး ၆၄ စင်း၊ ပေ ၁၈၀ အောက် (Box Culvert အပါအဝင်)တံတား ၆၈၃၅ စင်း စုစုပေါင်းတံတား ၆၉၂၉ စင်းတို့ကို ဖောက်လုပ် တည်ဆောက် ထိန်းသိမ်းပြုပြင်ပေးလျက်ရှိ သည်။
သုံးနိုင်ငံအား ဆက်သွယ်၍ရသောတံတား
ယင်းသို့ ဖောက်လုပ်တည်ဆောက်ပေးလျက် ရှိရာ တံတားများကဏ္ဍတွင် ကချင်ပြည်နယ် လမ်း ဦးစီးဌာနသည် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ လမ်းညွှန်မှုနှင့် အတူ တံတားဦးစီးဌာနအား ကြီးကြပ်၍ တံတားများ တည်ဆောက်ပေးလျက်ရှိရာ ထိုတံတားများထဲမှ ဗလမင်းထင်တံတားသည် ကချင်ပြည်နယ် မြစ်ကြီး နားမြို့အနီး ဧရာဝတီမြစ်ကိုဖြတ်၍ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့သို့ ဆက်သွယ်ထားသောတံတားဖြစ် သည့်အပြင် တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ သုံးနိုင်ငံအား ဆက်သွယ်၍ရသောတံတားလည်း ဖြစ်သည်။ တံတားကြီး၏မြစ်အထက်ဘက် ၂၇ မိုင် ခန့်အကွာတွင် မေခနှင့် မလိခမြစ်တို့ပေါင်းဆုံရာ သာယာလှသော မြစ်ဆုံဒေသရှိသည်။ တံတား အရှည်မှာ ၂၆၈၈ ပေရှိပြီး ခံနိုင်ဝန်မှာ ၃၅ တန်ဖြစ် သည်။ ၁၉၉၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၉၈ ခုနှစ် အောက်တိုဘာ လ ၉ ရက်နေ့တွင် ပြီးစီးခဲ့ပြီး ၁၉၉၈ ခုနှစ် နိုဝင်ဘာ လ ၁၄ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည်။
စတင်အကောင်အထည်ဖော်
တံတားသက်တမ်း ၂၅ နှစ် ကျော်ကြာမြင့်လာပြီ ဖြစ်သည့်အတွက် ကြံ့ခိုင်မှုအားနည်းလာခြင်း၊ ယာဉ်သွားလာမှုများပြားလာခြင်း၊ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းပေါ်တွင် တည်ရှိခြင်းကြောင့် တံတားခံနိုင်ဝန် ၇၅ တန်ရှိသော ခေတ်မီတံတားတစ်စင်းတည်ဆောက်ရန် လိုအပ် ချက်အရ မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား လမ်းပေါ်၌ ဗလမင်းထင်တံတားအမှတ်(၂)အား ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁)မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှစ၍ ပြည်ထောင်စုရန်ပုံငွေဖြင့် စတင်အကောင်အထည် ဖော် ဆောင်ရွက်ပေးတော့မည်ဟု သိရသည်။
တံတားအရှည်ပေမှာ ၃၂၁၂ ဒသမ ၀၉၉ ပေနှင့် တံတားအကျယ်မှာ ၃၄ ပေဖြစ်ပြီး ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန်မှာ ၇၅ တန် ဖြစ်သည်။ နှစ်စဉ် ပြည်ထောင်စု၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်သည်။ တံတားပြီးစီးပါက ယာဉ်ကြောကျပ် တည်းမှုအား ဖြေလျှော့ပေးနိုင်ခြင်း၊ နယ်စပ်ကုန်သွယ် ရေးအတွက် ကုန်စည်များ အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်ခြင်း၊ နောင်တွင်ပေါ်ပေါက်လာမည့် စက်မှုဇုန်၊ စီးပွားရေးဇုန်များမှ ကုန်စည်များ နယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ပြည်တွင်း ပြည်ပသို့ ကုန်တင်ပို့နိုင်ခြင်း စသည်ဖြင့် ကချင် ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူ ဖြစ်ပေါ်လာမည်ဖြစ်သည်။
မဂွေဇတံတား
၎င်းနောက် တံတားအမှတ်(၂/၁) မဂွေဇ တံတားသည် မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်တွင် တည်ဆောက်နေလျက်ရှိပြီး အရှည်ပေ ၅၉၀၊ အကျယ် ၂၄ ပေ၊ တံတားခံနိုင်ဝန် တန် ၆၀ ဖြစ် သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တည်ဆောက် ပြီးစီးမည် ဖြစ်သည်။ ယခင်က ၎င်းနေရာတွင် ဂျစ်ကား ကူးကြိုးတံတားသာရှိပြီး ယခု တံတားဆောက် ပြီးပါက ပူတာအိုမှ ခေါင်လန်ဖူးသို့ မော်တော်ယာဉ် များ သွားလာနိုင်မည်ဖြစ်ရာ ဒေသဖွံ့ဖြိုးရေး အတွက် အထောက်အကူပြုမည်ဖြစ်သည်။
တံတားအမှတ်(၆/၁၄၈)ဖုန်အင်တံတားသည် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပေါ် တွင်တည်ရှိပြီး အရှည်၃၁၂ ပေ၊ အကျယ်၂၄ ပေ ဖြစ်သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် တည် ဆောက် ပြီးစီးမည်ဖြစ်ပြီး ၎င်းတံတားတည်ဆောက် ပြီးပါက မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပေါ်ရှိ တံတားကြီးများအားလုံး သံကူကွန် ကရစ်တံတားများအဖြစ် အဆင့်မြှင့်တင်ပြီးစီးမည် ဖြစ်သည်။ ယခင် တံတားဟောင်းမှာ ဘေလီတံတား ဖြစ်၍ ခံနိုင်ဝန် ၁၃ တန်သာရှိပြီး ယခုသံကူ ကွန်ကရစ်တံတားသည် ခံနိုင်ဝန်တန် ၆၀ ဖြစ်ပြီး မြစ်ကြီးနားမှ ပူတာအိုသို့ ကုန်ကားကြီးများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်တော့မည်ဖြစ် သည်။
လမ်းများ ဖောက်လုပ်ခဲ့မှုကဏ္ဍတွင် မိုးမောက်-ကျောက်စခန်း-စိန်လုံ-လွယ်ဂျယ်လမ်း၊ အရှည်(၄၇/၄)မိုင်ရှိပြီး လက်ရှိတွင် ပြောင်းဖူး စေ့ကျောက်စီလမ်း အမျိုးအစားဖြစ်သည်။ ၎င်းလမ်းအား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့် မြှင့်တင်တည်ဆောက်ရန် ဟုန်ရှင်းကျန်းဘကုမ္ပဏီ က B.O.T စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ ၎င်းလမ်းပြီးစီးသွားပါက တရုတ်ပြည်သူ့သမ္မတ နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲ လုံချွန်ခရိုင် ကျန်ဖုန်း မြို့နှင့် ကချင်ပြည်နယ် ဗန်းမော်မြို့တို့သည် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။
< စာမျက်နှာ ၁၆ မှ
မိုးကောင်း(ပါဟုတ်)-ကာမိုင်း-ဖားကန့်လမ်း သည် အရှည်(၅၃/၃)မိုင်ရှိပြီး B.O.T စနစ်ဖြင့် လမ်း အဆင့်မြှင့်တင်တည်ဆောက်ရန် E.O.I ခေါ်ယူခဲ့ သည်။ လျှောက်ထားလာသည့် ကုမ္ပဏီများအား B.O.T စနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးနိုင်ရန်အတွက် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ ၎င်းလမ်း ပြီးစီးသွားပါက ကျောက်စိမ်းရတနာများရှိရာ ဖားကန့်ဒေသသို့ အချိန်တိုအတွင်း လွယ်ကူ လျင်မြန်စွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ် သည်။
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း သည် အရှည်(၂၁၈/၀)မိုင်ရှိပြီး ယခင်ကမြစ်ကြီးနား မြို့နယ်နှင့် ပူတာအိုမြို့နယ်အတွင်း၌သာ AC လမ်းနှင့် ကတ္တရာလမ်းအနည်းငယ်သာရှိပြီး ကျန်လမ်းပိုင်းများမှာ အမာခံလမ်းနှင့် မြေလမ်း အမျိုးအစားဖြစ်ခြင်းကြောင့် ဗွက်တန်းများဖြစ် ပေါ်ခဲ့ပြီး မြစ်ကြီးနားမှ ပူတာအိုသို့ ဆက်သွယ်သွား လာရာတွင် နှစ်ည၊ သုံးညအိပ်ခရီး သွားလာခဲ့ရ သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစတင်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ကွန်ကရစ်လမ်း(၁၀၆/၄)မိုင်ခင်းနိုင်ခဲ့သည့်အတွက် မြစ်ကြီးနားမှ ပူတာအို သို့ နေ့ချင်းပေါက်သွားလာနိုင်နေပြီဖြစ်ကြောင်း သိရသည်။
မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်း တွင် မြစ်ကြီးနား-ဗန်းမော် လမ်းပိုင်းသည် အရှည်(၁၁၆/၀)မိုင်ရှိပြီး မူလပြောင်းဖူးစေ့ ကျောက်စီလမ်းအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ AC လမ်း (၆၂/၇)မိုင် ဆောင်ရွက်ခဲ့သည့်အတွက် ၎င်းလမ်း ပိုင်းများပြီးစီးပါက ဗန်းမော်မှ လဂျားယန်အထိ၊ မြစ်ကြီးနားမှ နန်ဆန်ယန်အထိ AC/ကတ္တရာလမ်း အဖြစ် တစ်ဆက်တစ်စပ်တည်း ဆက်သွယ်သွားလာ နိုင်မည် ဖြစ်သည်။ နန့်မြစ်ခတံတားအား အရှည် ပေ ၃၂၀ လေးလမ်းသွားတံတားကြီးအဖြစ် လည်း ကောင်း၊ ဝိုင်းမော်မြို့တွင်းလမ်းပိုင်းအား လေးလမ်း သွား AC လမ်းအဖြစ်လည်းကောင်း တည်ဆောက် ပေးနိုင်ခဲ့သည်ဟု သိရသည်။
မံဝိန်း-ချီဖွေလမ်း
မံဝိန်း-ချီဖွေလမ်းသည် ချီဖွေမြို့အထိ ၅၄ မိုင်အရှည်ရှိပြီး ယခင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ညအိပ်ခရီး သွားလာခဲ့ရသော်လည်း ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်များတွင် တစ်လမ်းလုံး ကတ္တရာလမ်းအဖြစ် တည်ဆောက်ပေး နိုင်ခဲ့သည့်အတွက် မြစ်ကြီးနားမှ ချီဖွေသို့ နေ့ချင်းပြန် ခရီးဆက်သွယ်သွားလာနိုင်ပြီဖြစ်သည်။
မချမ်းဘော့-ဖရုခ-နောင်မွန်လမ်း (၆၁/၀)မိုင် သည် ပူတာအိုခရိုင်အတွင်းရှိ ခေါင်လန်ဖူး၊ နောင်မွန် ဒေသရှိ ဒေသခံပြည်သူများ၊ ပြည်သူ့ဝန်ထမ်းများ ဆက်သွယ်သွားလာရာတွင် အဆင်ပြေချောမွေ့ စေရေးအတွက် မူလမြေသားလမ်းအား အမာခံလမ်း၊ အမာခံလမ်းအား ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း များအဖြစ် အဆင့်မြှင့်တင်ခြင်း၊ ကျောက်စီမြေထိန်း နံရံတည်ဆောက်ခြင်းနှင့် ၎င်းလမ်းပေါ်ရှိ အရှည် ပေ ၈၄၀ ရှိသော မလိခတံတား(မချမ်းဘော့) တံတားကြီးနှင့် အရှည်ပေ ၅၀၀ ရှိသော ရပ်ဘော့ တံတားကြီး နှစ်စင်းအပြင် ကြိုးတံတားများဖြစ်သော ထီခကြိုးတံတားပေ ၄၀၀၊ ထာခတံတားပေ ၂၀၀၊ ကဆန်ခတံတားပေ ၃၀၀ တို့ကို သံကူကွန်ကရစ် တံတားကြီးများအဖြစ် တည်ဆောက်အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ယခင်က ပူတာအိုမှ နောင်မွန်အထိ သုံးညအိပ်ခရီးဖြင့် ခက်ခက်ခဲခဲ ဆက်သွယ်သွားလာခဲ့ရသော်လည်း ယခုအခါ မော်တော်ယာဉ်ဖြင့် နေ့ချင်းပြန်ခရီး ဆက်သွယ် သွားလာနိုင်ပြီဖြစ်သည်။
နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း
နမ္မတီး-တနိုင်း-ပန်ဆောင်လမ်းသည် ကချင် ပြည်နယ်အပိုင်းတွင် နမ္မတီးမိုင်(၀/၀)မှ တဂတ်ခ အထိ စုစုပေါင်းမိုင်(၁၄၄/၁)မိုင်ဖြစ်ပြီး ယခင်က အမာခံလမ်း မြေလမ်းအမျိုးအစားများသာ ဖြစ်သည်။ ယခုအခါ AC လမ်း (၂၀/၀)မိုင်၊ ကွန်ကရစ် လမ်း(၁၁/၇)မိုင်၊ ကတ္တရာလမ်း(၇/၄)မိုင် ခင်းနိုင် ခဲ့သည့်အတွက် မြစ်ကြီးနားမှ တနိုင်း၊ ရှင်ဗွေယန်သို့ အဆင်ပြေချောမွေ့စွာသွားလာနိုင်ပြီး ကျန်ရှိသည့် အမာခံလမ်းပိုင်းများကိုလည်း နှစ်စဉ် ပြည်ထောင်စု/ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် ၁၈ ပေအကျယ် ကွန်ကရစ်လမ်းများအဖြစ် ဆက်လက်အဆင့်မြှင့်တင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းအပြင် ကချင်ပြည်နယ်လမ်းဦးစီးဌာနသည် ပြည်နယ်အတွင်းရှိ လမ်းနှင့်တံတားများအား ပြုပြင် ထိန်းသိမ်းပေးလျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ၂၄ ပေ၊ ၁၈ ပေအကျယ် AC ခင်းခြင်း (၂၈ ဒသမ ၈၂ ကီလိုမီတာ)၊ ၁၈ ပေ အကျယ် ကွန်ကရစ်ခင်းခြင်း (၈၂ ဒသမ ၀၃ ကီလိုမီတာ)၊ မူလ ၁၂ ပေမှ ၁၈ ပေအကျယ် ကတ္တရာခင်းခြင်း (၁၉ ဒသမ ၅၅ ကီလိုမီတာ)၊ ၁၂ ပေအကျယ် ကတ္တရာလမ်းခင်းခြင်း (၁၄ ဒသမ ၈၂၉ ကီလိုမီတာ)၊ ပေ ၅၀ အောက် ကွန်ကရစ်တံတား ၆၈ စင်း၊ ပေ ၅၀ အထက် ကွန်ကရစ်တံတားခြောက်စင်း တည်ဆောက်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၂၄ ပေ၊ ၁၈ ပေအကျယ် AC ခင်းခြင်း (၁၅ ဒသမ ၆၃ ကီလိုမီတာ)၊ ၁၈ပေ အကျယ် ကွန်ကရစ်ခင်းခြင်း (၈၉ ဒသမ ၅ ကီလိုမီတာ)၊ မူလ ၁၂ ပေမှ ၁၈ ပေအကျယ် ကတ္တရာခင်းခြင်း (၁၃ ဒသမ ၅၀ ကီလိုမီတာ)၊ ၁၂ ပေအကျယ် ကတ္တရာလမ်းခင်းခြင်း(၁၅ ဒသမ ၆ ကီလိုမီတာ)၊ ပေ ၅၀အောက် ကွန်ကရစ်တံတား ၇၆ စင်း၊ ပေ ၅၀အထက် ကွန်ကရစ်တံတားနှစ်စင်း တည်ဆောက်ခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၂၄ ပေ၊ ၁၈ ပေအကျယ် AC ခင်းခြင်း (၃၅ ဒသမ ၇၈ ကီလိုမီတာ)၊ ၁၈ ပေ အကျယ် ကွန်ကရစ် ခင်းခြင်း (၈၅၀ ဒသမ ၃၁ ကီလိုမီတာ)၊ မူလ၁၂ ပေမှ ၁၈ ပေအကျယ် ကတ္တရာခင်းခြင်း (၁၄ ဒသမ ၃၉ ကီလိုမီတာ)၊ ၁၂ ပေအကျယ် ကတ္တရာလမ်းခင်းခြင်း (၄ ဒသမ ၈ ကီလိုမီတာ)၊ ပေ ၅၀ အောက် ကွန်ကရစ်တံတား ၁၅၄ စင်း၊ ပေ ၅၀ အထက် ကွန်ကရစ်တံတားသုံးစင်း တည်ဆောက်ခဲ့သည်။ ၂၀၂၁-၂၀၂၂(မီနီ)ဘဏ္ဍာနှစ်တွင် AC လမ်းခင်းခြင်း (၂၆ ဒသမ ၃၇ ကီလိုမီတာ)၊ ကွန်ကရစ်လမ်းခင်းခြင်း (၁၉ ဒသမ ၃၇ ကီလိုမီတာ)၊ ကတ္တရာလမ်းချဲ့ခြင်း (၃ ဒသမ ၂၉ ကီလိုမီတာ)၊ ပေ ၅၀ အောက် တံတားအစင်း ၇၀ ၊ ပေ ၁၈၀ နှင့်အထက် တံတား သုံးစင်း တည်ဆောက်မည်ဟုသိရသည်။
အချုပ်အားဖြင့် တင်ပြရလျှင် သွေးချင်းတို့ ဌာနေ ကချင်မြေသည် ဝေးလံခေါင်သီသောဒေသ ဖြစ်သော်လည်း ပြည်မနှင့်မခြား တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေးကို နိုင်ငံတော်အစိုးရသည် အလေးထားဆောင်ရွက်လျက်ရှိသည်ကို ဖောက် လုပ်တည်ဆောက်ပေးထားသော လမ်းတံတားများ က သက်သေပြလျက်ရှိနေပါတော့သည်။ ။
- Log in to post comments