မင်းဘူးခရိုင်၌ ယာဉ်မောင်းလိုင်စင်သစ်နှင့် သက်တမ်းတိုးခြင်းများကို နိုဝင်ဘာ ၈ ရက်တွင် ပြန်လည်စတင်ဆောင်ရွက်မည်

 

မင်းဘူး    နိုဝင်ဘာ    ၇


မကွေးတိုင်းဒေသကြီး     ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် ကိုဗစ်- ၁၉ ကာလအတွင်း ယာယီရပ်နားထားခဲ့သော    ယာဉ်မောင်းလိုင်စင် အသစ်ပြုလုပ်ခြင်းနှင့် သက်တမ်းတိုးခြင်း ဝန်ဆောင် မှုလုပ်ငန်းများကို နိုဝင်ဘာ ၈ ရက်မှ   စတင်ကာ ပြန်လည်   ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း    သိရသည်။

 


ကိုဗစ်- ၁၉ ရောဂါကြောင့်  က.ည.နဝန်ဆောင်မှု လုပ်ငန်းများအားလုံးကို ၂၀၂၀ မတ် ၃၀ ရက်မှစ၍ ယာယီရပ်နားထားခဲ့ပြီးနောက် ကိုဗစ်-  ၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ   ကြိုတင် ပြင်ဆင်ပြီး   ရောဂါအခြေအနေအပေါ်မူတည်၍  ၁၃-၉-၂၀၂၁ ရက်မှစတင်ကာ   ဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်ခွင့်ပြု ဆောင်ရွက်ပေးခဲ့ကြောင်း၊    ပြန်လည် ဆောင်ရွက်ပေးရာတွင်   မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များ Road Safety  ဖြစ်စေရေးအတွက်   အရေးကြီးသော အများပြည်သူသယ်ယူပို့ဆောင်ရေး ခရီးသည်တင်ယာဉ်များကိုသာ  ယာဉ်စစ်ဆေးပြီး အခြားယာဉ်များအားလုံးကို ၃၁-၁၂-၂၀၂၁ ရက်အထိ ယာဉ်စစ်ဆေးခြင်း ကင်းလွတ်ခွင့်ပြု၍   မှတ်ပုံတင် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပေးကြောင်း သိရ သည်။

 


“ကိုဗစ်-  ၁၉ ကာလမတိုင်ခင် သက်တမ်းလွန် ကိစ္စရပ်အားလုံးကို ပုံမှန်ဒဏ်ကြေးနဲ့  ဆောင်ရွက် ပေးခဲ့ပြီးတော့ ကိုဗစ်ကာလအတွင်း  သက်တမ်းတိုး မော်တော်ယာဉ်တွေရဲ့   သက်တမ်းလွန်ဒဏ်ကြေးတွေ ကို    အများပြည်သူ   ထိခိုက်နစ်နာမှု  မရှိစေရေး တည်ဆဲဥပဒေ၊     လုပ်ထုံးလုပ်နည်းများနဲ့အညီ သုံးသပ်စိစစ်ဖြေလျှော့   ဆောင်ရွက်ပေးခဲ့တာပါ။ ယာဉ်မောင်းလိုင်စင် သက်တမ်းလွန်ဒဏ်ကြေးတွေ ကိုလည်း အလားတူ   ဆောင်ရွက်ပေးသွားမှာဖြစ်ပါ တယ်”ဟု  ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနဦးစီးမှူး ဦးမြင့်မော်က ပြောသည်။

 


ကိုဗစ်- ၁၉ ကာလအတွင်း  လူစုလူဝေးများဖြင့် ဆောင်ရွက်ရသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသင်တန်းများ၊  ယာဉ်မောင်းလိုင်စင် အသစ်ဖြေဆိုခြင်းနှင့်   သက်တမ်းတိုးခြင်းများကို ဆောင်ရွက်ခွင့်မပြုခဲ့ဘဲ     ယာယီရပ်နားထားခဲ့ပြီး နောက် နိုဝင်ဘာ ၈ ရက်မှ စတင်ကာ   ကိုဗစ်စည်းကမ်း ချက်များနှင့်အညီ ပြန်လည်ခွင့်ပြုဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။        

မောင်မောင်(မင်းဘူး)