
နေပြည်တော် အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်တွင် အောက်တိုဘာ ၁၉ ရက်က တရုတ်နိုင်ငံသားပိုင်ဆိုင် သည့် ဂွမ်းနှင့် ပိုးသတ်ဆေးပစ္စည်း အရောင်းဆိုင်၌ မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက် ညနေ ၃ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီး ကျေးရွာ ဇေကမ္ဘာဝင်း ဇေကမ္ဘာ ဥယျာဉ်အိမ်ရာ အမှတ်(၁၆၁)တွင် တရုတ်နိုင်ငံသား Mr. Cao Wei (၄၂နှစ်) ငှားရမ်းနေထိုင်သည့် Huawei ဂွမ်းနှင့် ပိုးသတ်ဆေး ပစ္စည်းအရောင်းဆိုင်၌ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များ၊ မြို့နယ်မီးသတ်ဦးစီး ဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ငါးစီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ မိနစ် ၂၀ ခန့် အကြာတွင် မီးငြိမ်းသွားပြီး မီးလောင်မှုကြောင့် အဆိုပါ အရောင်းဆိုင်၏ ရှေ့မျက်နှာစာ၊ ဆိုင်အတွင်းရှိ ဂွမ်းထုပ်များနှင့် ပိုးသတ်ဆေးဘူးများ မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် အဆိုပါ အရောင်းဆိုင်၌ တပ်ဆင်ထား သည့် အဲကွန်းအပူလွန်ကဲရာမှ တစ်ဆင့် မီးစတင်လောင်ကျွမ်း ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဥပဒေနှင့်အညီ အရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်