
နေပြည်တော် စက်တင်ဘာ ၂၁
မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၌ ငွေကျပ်သိန်း ၇၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၂ သိန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် ခရေပင် ရိပ်မွန်လမ်းတွင် သတင်းအရ ဇော်မင်းထွန်း(ခ)ကိုနေ၊ သန့်ဇင်ဦး၊ ဇော်လွင်၊ ကျင်သိန်း (ခ)မောင်စိုးနှင့် အန်တောနိုတို့ ငါးဦးကို Saloon မော်တော် ယာဉ်တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ည ၉ နာရီတွင် ရွှေပြည်သာမြို့နယ် အမှတ်(၃) ရပ်ကွက်ရှိ ဖမ်းမိတရားခံ သန့်ဇင်ဦး နေထိုင်သည့် နေအိမ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၅ ဒသမ ၂ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၇၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၇ ဒသမ ၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ သိမ်းဆည်း ရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရ သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်