မြင်းခြံမြို့နယ် ဂျုပ္ပင်ကျေးရွာ၌ အကြမ်းဖက်ရာတွင်အသုံးပြုသည့် လက်နက်/ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများကို တရားခံများနှင့်အတူဖမ်းဆီးရမိ

 

နေပြည်တော် ဇူလိုင် ၉


နိုင်ငံတော်က  အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG၊ CRPH စသည့် အကြမ်းဖက် အဖွဲ့အစည်းများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်း မှုကို  ထိခိုက်ပျက်ပြားစေရန်နှင့်  ၎င်းတို့၏ ဝါဒဖြန့် စည်းရုံးမှုများကို မထောက်ခံသည့် ပြည်သူလူထုကို အကြောက်တရား    လွှမ်းမိုးနေစေရန်   ရည်ရွယ်၍ စာသင်ကျောင်းနှင့် ပညာရေးအဆောက်အအုံများကို မိုင်းများဖြင့်    တိုက်ခိုက်ခြင်း၊   မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ့ဝန်ဆောင်မှုဌာန  တစ်ခုဖြစ်သည့်    မြို့နယ် လျှပ်စစ်ရုံးများကို တိုက်ခိုက်ဖျက်ဆီး ခြင်း၊ အပြစ်မဲ့ လူပုဂ္ဂိုလ်များကို  ဒလန်အဖြစ်  စွပ်စွဲသတ်ဖြတ်ခြင်းများ ကို  ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အကြမ်းဖက် အဖွဲ့အစည်းများ၏  သွေးဆောင်စည်းရုံးခံရမှုကြောင့် PDF အပါအဝင် အခြားအကြမ်းဖက်အဖွဲ့အစည်းအချို့ ကို  စုဖွဲ့၍ မြို့/ရွာအချို့ကို  အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


သတင်းအရဝင်ရောက်ရှာဖွေ


ထိုသို့    လုပ်ဆောင်လျက်ရှိသဖြင့်  အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက   လိုအပ်သည့်  စုံစမ်းဖော် ထုတ်မှုများ   ဆောင်ရွက်လျက်ရှိရာ  ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းတွင်  မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက် လုပ်ငန်းများဆောင်ရွက်နေသော  ဂျုပ္ပင်ကျေးရွာနေ ဦးစိန်ဝင်း၏     နေအိမ်ကို   သတင်းအရ  လုံခြုံရေး ပူးပေါင်းအဖွဲ့များက ဝင်ရောက်ရှာဖွေခဲ့ရာ တရားခံ များဖြစ်သော  စိန်ဝင်း(၅၇)နှစ်၊  ဟန်ဇော်ထိုက် (၄၃)နှစ်၊ မန်းလင်း (၄၃)နှစ်၊ ဝင်းကို(၃၂)နှစ်၊  ကျော်စိန်ဦး (၃၁)နှစ်၊  နိုင်လင်း(၂၉)နှစ်၊ ချမ်းမင်းဟိန်း(၂၅)နှစ်၊ အာကာကျော် (၂၁)နှစ်၊  နိုင်မင်းကို(၁၇)နှစ်နှင့် ချစ် စမ်းမောင်  (၁၇)နှစ်တို့  ၁၀ ဦးကို  ပလတ်စတစ် လက်ပစ်ဗုံး  နှစ်လုံး၊  ၉  မမကျည်ခြောက်တောင့်၊  အကြမ်းဖက်တိုက်ခိုက်ရာတွင်      အသုံးပြုသည့် ပစ္စည်းများနှင့်အတူ  ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ  စိန်ဝင်း၏ ထွက်ဆိုချက်အရ လက်လုပ်သေနတ်များနှင့်   အခြားပစ္စည်းများအား ၎င်းပိုင်ဆိုင်သော  ခြံဝင်းအနီး  သရက်ပင်အောက်တွင် မိုးကာဖြင့်အုပ်၍ လက်နက်/ခဲယမ်းများ သိမ်းဆည်း ထားကြောင်း  သိရှိရသဖြင့် ဇူလိုင် ၈ ရက် မွန်းလွဲပိုင်း တွင်  လုံခြုံရေးပူးပေါင်းအဖွဲ့က  သွားရောက်ရှာဖွေ ခဲ့ရာ တူမီးသေနတ် နှစ်လက်၊ လက်လုပ်သေနတ်မျိုးစုံ ၂၆ လက်၊   လက်လုပ်မိုင်း  ၂၂ လုံး၊ ဂျင်ကလိ ၂၅ ချောင်း၊ ဓာတ်ငွေ့ကာဝတ်စုံ သုံးစုံ၊  ဂက်စ်ဘူး ၁၁ ဘူးတို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။


ဖမ်းဆီးရမိ  တရားခံများ၏   ထွက်ဆိုချက်အရ ဖမ်းဆီးရမိသူ ၁၀ ဦးအနက်  မြင်းခြံမြို့ ထနောင်း တိုင်ရွာမှ    ဟန်ဇော်ထိုက်(ခ) ပသိုင်းနှင့်  လင့်ကြီး (မြောက်ရွာ)မှ    ချမ်းမင်းဟိန်းတို့  နှစ်ဦးသည် တောင်သာမြို့နယ်  ညောင်ကန်ကျေးရွာအနီး PDF အဖွဲ့များ  သင်ကြားပေးသော  စစ်ပညာသင်တန်းတွင် နှစ်ရက်တက်ရောက်ခဲ့ကြောင်း၊  ချမ်းမင်းဟိန်းသည် မြင်းခြံမြို့နယ်  ရွာစည်ကျေးရွာရှိ ZERO-3 အဖွဲ့တွင် ပါဝင်ပြီး ကျန်ဖမ်းဆီးရမိသူများသည် PDF ဖွဲ့ရန် အတွက်  စုဆောင်းထားခြင်းဖြစ်ကြောင်း သိရသည်။


မြို့တွင်း တိုက်ပွဲဆင်နွှဲရန်


ဖမ်းဆီးရမိ လက်လုပ်သေနတ်များ  ပြုလုပ်ရန် နှင့်   သင်တန်းတက်ရောက်ရန်အတွက်   ပုဒ်မ-၅၀၅(က)ထုတ်ပြန်ထားရှိသည့်  မြင်းခြံမြို့နယ် NLD ပါတီမှ အမျိုးသားလွှတ်တော်     အမတ်ဟောင်း (၂၀၁၅) အောင်မျိုးလတ်၊    မြင်းခြံမြို့နယ်  NLD  ပါတီဝင်   ကျော်ဆန်းဦးနှင့်   NLDပါတီ  အမာခံ   ဒေါက်တာ ဝင်းနိုင်ဖုန်းတို့က   အဓိကထောက်ပံ့ပေးခဲ့ ကြောင်း၊ သိမ်းဆည်းရမိ  လက်ပစ်ဗုံးနှင့် ၉ မမ ကျည်များသည် အောင်မျိုးလတ်၊    ကျော်ဆန်းဦး၊    ဒေါက်တာဝင်းနိုင်ဖုန်းတို့မှ      ဝယ်ယူပေးထားခြင်း ဖြစ်ပြီး    ရှိုင်းထက်အောင်  (တောင်သာမြို့)၊    ကျော်ဇေယျ (မြင်းခြံမြို့ ရွှေစည်ကျေးရွာ)နှင့်  မင်းကို (မြင်းခြံမြို့)   နေသူတို့မှ  ထိန်းသိမ်းအသုံးပြုကာ  မြင်းခြံမြို့နယ်အတွင်း မြို့တွင်း တိုက်ပွဲဆင်နွှဲနိုင်ရန်  လက်နက်များ  စုဆောင်းထားခြင်းဖြစ်ကြောင်း၊  စစ်ပညာသင်တန်းများ    တက်ရောက်ပြီး   အင်အား စုစည်း၍  လူ၊  လက်နက်အင်အားလုံလောက်သည့်   အချိန်တွင် လုံခြုံရေးအဖွဲ့များကို  တန်ပြန်တိုက်ခိုက် ရန်   စီစဉ်ထားကြောင်း သိရှိရသည်။


ထိုသို့  နိုင်ငံတော်တည်  ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို    ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ     လုပ်ဆောင်ခဲ့သည့် တရားခံများကို  ဥပဒေအရ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့်    ဆက်စပ်သူများအား အမြန်ဆုံး     ဖမ်းဆီးရမိရေးအတွက်   ၎င်းတို့ ပုန်းခိုရာနေရာများ၊    လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက    သက်ဆိုင်ရာသို့   လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားကြပါရန်နှင့် မြို့ရွာများ အမြန် ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ် လုံး   ပူးပေါင်းပါဝင်  ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအသိပေးထားကြောင်း သိရသည်။

သတင်းစဉ်