မင်းကင်းမြို့နယ် မအူကျေးရွာအတွင်းသို့ PDF အကြမ်းဖက်သောင်းကျန်းသူများက အကြမ်းဖက်ဝင်ရောက်ကာ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီး

 

နေပြည်တော်  စက်တင်ဘာ  ၁၀
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်  မအူကျေးရွာအတွင်းသို့  PDF အကြမ်းဖက်သောင်းကျန်းသူ များက  အကြမ်းဖက်ဝင်ရောက်ကာ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား   မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၉ ရက် ညနေ  ၃ နာရီ တွင်  မင်းကင်းမြို့နယ်မှ    PDF   အကြမ်းဖက် သောင်းကျန်းသူများနှင့် ကနီမြို့နယ်မှ PDF အကြမ်း ဖက်သောင်းကျန်းသူများ   ပူးပေါင်းအဖွဲ့အင်အား ၂၀၀ ခန့်သည် မင်းကင်းမြို့နယ်အတွင်းရှိ    မအူ ကျေးရွာ၏ အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက် ဘက်တို့မှ ဝိုင်းရံပိတ်ဆို့ကာ   ညနေ ၄ နာရီတွင် သေနတ်များဖြင့်    အကြမ်းဖက်ပစ်ခတ်ခဲ့သဖြင့်  အဆိုပါကျေးရွာနေ အပြစ်မဲ့ပြည်သူများမှာ ကျေးရွာ အားစွန့်ခွာကာ   ကျေးရွာ၏  အနောက်ဘက်မှ ပုံတောင်ပုံညာဘက်သို့    ထွက်ပြေးတိမ်းရှောင်ခဲ့ ရသည်။
ထို့နောက်  အကြမ်းဖက်သောင်းကျန်းသူများ သည် ကျေးရွာအတွင်းဝင်ရောက်၍ ပြည်သူများ၏ နေအိမ်များကို  လိုက်လံမီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ခုနစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။
ထိုကဲ့သို့ ကျေးရွာအတွင်း   အကြမ်းဖက်ဝင် ရောက်ကာ အပြစ်မဲ့ပြည်သူများ၏  နေအိမ်များကို  မီးရှို့ဖျက်ဆီးခဲ့သည့်   အကြမ်းဖက်သောင်းကျန်း သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့်ပူးပေါင်း၍ လုံခြုံ ရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။                                  
သတင်းစဉ်