မန်ချက်စတာ ဒါဘီတွင် မန်ယူကို အနိုင်ယူပြီး အမှတ်ပေးဇယားကို မန်စီးတီးတို့ ဆက်လက်ဦးဆောင်

 

 

ပရီမီယာလိဂ်    ပွဲစဉ်   (၂၈) မှ စိတ်ဝင်စားဖွယ်ရာ အကောင်းဆုံး ပွဲစဉ်ဖြစ်သည့်     ဦးဆောင်သူ မန်စီးတီးအသင်းနှင့်      မန်ယူ အသင်းတို့ပွဲစဉ်ကို တနင်္ဂနွေနေ့ ညပိုင်းက     အီတီဟက်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ    မန်စီးတီး အသင်းက လေးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဇယားကို ခြောက်မှတ်အသာဖြင့် ဆက်လက်ဦးဆောင် နိုင်ခဲ့သည်။ 
စီရော်နယ်ဒို ပါဝင်လာခြင်းမရှိသည့် မန်ယူအသင်း၏ တိုက်စစ်သည် မန်စီးတီး အသင်းဘက်သို့     ပွဲချိန်တစ်လျှောက် ဂိုးပေါက်ခြိမ်းခြောက်မှု ငါးကြိမ်သာပြုလုပ် နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မတ်မှု နှစ်ကြိမ်သာ ရှိခဲ့သည်။ ပြိုင်ဘက်  မန်စီးတီးအသင်းက ဂိုးပေါက်ခြိမ်းခြောက်မှု ၂၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မတ်မှု ၁၀ ကြိမ်အထိ ရှိခဲ့သည်။ 
ပွဲအစ ငါးမိနစ်တွင်  ဆေးဗားလ်၏ ဖန်တီးမှုမှ ဒီဘရိုင်း ဂိုးသွင်းယူနိုင်ခဲ့သည့် အတွက်   မန်စီးတီးအသင်း   ဦးဆောင်ဂိုး ရရှိခဲ့သည်။ ပွဲချိန် ၂၂ မိနစ်တွင် မန်ယူအသင်း ချေပဂိုးရရှိခဲ့ပြီး    ပေါ့ဂ်ဘာ၏ဖန်တီးမှုမှ ဆန်ချိုက   သွင်းယူပေးခဲ့သည်။   ပွဲချိန်   ၂၈ မိနစ်တွင် ဒီဘရိုင်း ထပ်မံ ဂိုးသွင်းယူ နိုင်ခဲ့သည့်အတွက်      ပထမပိုင်းတွင်   မန်စီးတီးအသင်းက   နှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။  မန်ယူအသင်းသည် ပွဲအစပိုင်းမိနစ်များတွင် မန်စီးတီးအသင်း ဘက်သို့   တိုက်စစ်ဆင် ကစားနိုင်ခဲ့သော် လည်း ပွဲချိန်ကြာလာသည်နှင့်အမျှ မန်စီးတီး အသင်းက ဂိုးအသာ၊ ခြေအသာဖြင့် မန်ယူ အသင်းကို ဖိအားပေးကစားနိုင်ခဲ့သည်။ 
မန်စီးတီးအသင်းအတွက် တတိယဂိုး နှင့် စတုတ္ထဂိုးကို ပွဲချိန် ၆၈ မိနစ်နှင့် မိနစ် ၉၀ တွင် မာရက်ဇ်က သွင်းယူပေးခဲ့သည်။ မန်ယူအသင်းသည် ယခုပွဲရှုံးနိမ့်မှုကြောင့် ၂၈ ပွဲ ကစားပြီး ၄၇ မှတ်ဖြင့် ချန်ပီယံလိဂ် ဝင်ခွင့်ရရန် လက်ကျန်ပွဲစဉ်တွင် ရုန်းကန်ရ တော့မည်ဖြစ်သည်။              အောင်ဇော်