MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂) ဆက်လက်ကျင်းပ

 

ရန်ကုန်  မေ  ၂
၂၀၂၃ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂) ကို ဧပြီ ၃၀ ရက်မှ မေ ၂ ရက်အထိ ကျင်းပ ခဲ့ပြီး Port အသင်းနှင့် ငွေကြယ် ပွင့်အသင်း နိုင်ပွဲဆက်ခဲ့သည်။
ပွဲစဉ် (၂) တွင် Port အသင်းက ရွှေပြည်သာအသင်းကို တစ်ဂိုး-ဂိုးမရှိ၊   ငွေကြယ်ပွင့်အသင်းက Golden Grit အသင်းကို သုံးဂိုး-ဂိုးမရှိ၊ သစ္စာအားမာန်အသင်းက လက်ရှိချန်ပီယံ      တက္ကသိုလ် အသင်းကို      တစ်ဂိုး-ဂိုးမရှိ၊  မောရဝတီအသင်းက Glory Goal အသင်းကို    တစ်ဂိုး -  ဂိုးမရှိဖြင့် အနိုင်ရပြီး Junior Lions အသင်း နှင့် ရက္ခပူရယူနိုက်တက်အသင်း ဂိုးမရှိသရေကျခဲ့သည်။ ပွဲစဉ် (၁) တွင်  အနိုင်ရခဲ့သည့်အသင်းများ အနက် Port အသင်းနှင့် ငွေကြယ် ပွင့်အသင်းတို့သာ နိုင်ပွဲဆက်ခဲ့ပြီး Glory Goal အသင်း၊ တက္ကသိုလ် အသင်းနှင့် Junior Lions အသင်း တို့ နိုင်ပွဲပျောက်ဆုံးခဲ့သည်။ ပွဲစဉ် (၁) တွင်   ရှုံးပွဲကြုံတွေ့ခဲ့သည့် အသင်းများအနက် ရွှေပြည်သာ အသင်းနှင့် Golden Grit အသင်း သာ ရှုံးပွဲဆက်ခဲ့ပြီး ကျန်အသင်း များမှာ အမှတ်စတင်ရယူနိုင်ခဲ့သည်။
ပွဲစဉ် (၂) အပြီးတွင် ငွေကြယ် ပွင့်အသင်းနှင့်  Port  အသင်းက နှစ်ပွဲနိုင်  ခြောက်မှတ်စီ၊ Junior Lions အသင်းက လေးမှတ်၊ Glory Goal အသင်း၊ တက္ကသိုလ်အသင်း၊ သစ္စာအားမာန်အသင်းနှင့် မောရ ဝတီအသင်းတို့က     သုံးမှတ်စီ၊ ရက္ခပူရယူနိုက်တက်  အသင်းက တစ်မှတ်ရရှိထားကာ ရွှေပြည်သာ အသင်းနှင့် Golden Grit အသင်း တို့မှာ နှစ်ပွဲစလုံးရှုံးကာ အမှတ် မရသေးပေ။
ရဲရင့်လွင်၊ ဓာတ်ပုံ-MNL